A d v e r t i s e m e n t With Us

အစ္စရေး၏ စစ်ရေးအစီအစဉ်တွင် ထောင်ချောက်မမိစေရန် အမေရိကန်ကို အီရန်သတိပေး

အီရတ်မှာရှိတဲ့ အမေရိကန်တပ်တွေကို တိုက်ခိုက်ရာကတဆင့် စစ်ပွဲဖြစ်အောင် ရန်စမယ့် အစ္စရေးရဲ့ အစီအစဉ်ထဲမှာ ထောင်ချောက်မိမခံဖို အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟမ်မဒ် ဂျာဗက်ဇာရိဖ်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ဇန်နဝါရီ ၂ ရက်က တိုက်တွန်းလိုက်ပါတယ်။ အမေရိကန်က အီရတ်မှာ ရောက်နေတဲ့ အီရန် ထိပ်တန်းဗိုလ်ချုပ်ကြီး ကာဆမ် ဆူလေမာနီကို ဒရုန်းယာဉ်သုံးပြီး သတ်ဖြတ်ခဲ့တဲ့ နှစ်ပတ်လည်နေ့မှာ အီရန်ဝန်ကြီးက သတိပေးချက် ထုတ်ပြန်လိုက်တာပါ။ အီရတ်မှာရှိတဲ့ အမေရိကန်သံရုံးအနီးအနား အပါအဝင် စစ်စခန်းတွေကို အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ပြည်သူ့စစ်တွေက ဒုံးကျည်တွေနဲ့ ပုံမှန်ပစ်ခတ်နေတယ်လို့ အမေရိကန်က အပြစ်တင်ထားပါတယ်။ အီရန်က ကျောထောက်နောက်ခံပေးထားတဲ့ ဘယ်အုပ်စုကမှ ဒီတိုက်ခိုက်မှုအတွက် တာဝန်ယူကြောင်း မပြောသေးပါဘူး။ အီရတ်က ထောက်လှမ်းရေး သတင်းအသစ်တွေအရ အစ္စရေး သူလျှိုတွေက အမေရိကန်တွေကို တိုက်ခိုက်ဖို့ အကွက်ချနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ရာထူးက ထွက်ချိန်မှာ စစ်မီးမွှေးတဲ့လုပ်ရပ် လုပ်ဖို့ ပြင်ဆင်နေတယ်လို့ ဇာရိဖ်က တွစ်တာ လူမှုကွန်ရက်ပေါ်မှာ ရေးသားပါတယ်။ ဇာရိဖ်က “ထောင်ချောက်ကို သတိထားပါ၊ ဒေါ်နယ်ထရမ့်။ ဘယ်လိုမီးပန်းမဆို မျှော်မှန်းထားတာနဲ့ ပြောင်းပြန်ရလဒ်မျိုး ဆိုးဆိုးရွားရွား ထွက်လာလိမ့်မယ်” လို့  ပြောပါတယ်။ အီရန်ရဲ့ တော်လှန်ရေးအစောင့်တပ် စစ်ဦးစီးအရာရှိချုပ် ဗိုလ်ချုပ်ကြီးဟူစိန် ဆာလာမီကတော့ အီရန်အပေါ် ဘယ်လိုတိုက်ခိုက်မှုကိုမဆို ပိုပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမယ်လို့ ကတိပြုထားပါတယ်။ အမေရိကန်စစ်တပ်ကလည်း အီရန်ကို ဟန့်တားဖို့ သတင်းစကားပေးတဲ့အနေနဲ့  အရှေ့အလယ်ပိုင်းဒေသဆီကို နျူကလီးယားဗုံး သယ်နိုင်တဲ့ B-52 ဗုံးကြဲလေယာဉ် ၂ စီးကို ဒီဇင်ဘာ ၃၀ က စေလွှတ်ပါတယ်။ ဒါပေမဲ့ အဲဒီနေ့မှာပဲ ဗုံးကြဲလေယာဉ်တွေ အရှေ့အလယ်ပိုင်းကနေ ပြန်ထွက်လာခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up