အသင်းက လိုအပ်လျှင် အာဆင်နယ်ကို ပြန်လာမည်ဟု အာစင်ဝင်းဂါးပြော

အသင်းဘက်က အကူအညီလိုအပ်ရင် အာဆင်နယ်ကို ပြန်လာဖို့ရှိတယ်လို့ နည်းပြဟောင်း အာစင်ဝင်းဂါးက ပြောလိုက်ပါတယ်။  အာဆင်နယ်ဂန္ထဝင်နည်းပြကြီး အာစင်ဝင်းဂါးဟာ ၂၀၁၈ ခုနှစ်မေလက အသင်းနဲ့ ၂၂ နှစ်ကြာ ကာလကို အဆုံးသတ်ပြီး ရာထူးကနေ အနားယူခဲ့တာပါ။  လက်ရှိအချိန်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်မှာ ဘောလုံးတိုးတက်ရေးအရာရှိအနေနဲ့ တာဝန်ယူနေတဲ့ အာစင်ဝင်းဂါးကတော့ အာဆင်နယ်အသင်းက လိုအပ်လာမယ်ဆိုရင် အသင်းဆီပြန်လာဖို့ ရှိတယ်လို့  မှတ်ချက်ပေးခဲ့တာပါ။  ဒါပေမယ့် အဲဒီလိုဖြစ်လာဖို့တော့ မျှော်လင့်မထားကြောင်းနဲ့ အချိန်ကာလတစ်ခုရောက်ရင် အသင်းက တိုးတက်လာလိမ့်မယ်လို့ အာစင်ဝင်းဂါးက ပြောပါတယ်။  အာဆင်နယ်အသင်းဟာ အခုနှစ်ရာသီ နည်းပြ အာတီတာလက်ထက်မှာ အသင်းသမိုင်းတလျှောက် အဆိုးရွားဆုံးရလဒ်နဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့် ၁၅ အထိ ကျဆင်းခဲ့သေးတာပါ။  နည်းပြ အာတီတာနဲ့ပတ်သက်ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ဖို့ ဆန္ဒပြုပြီး အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေတွေလည်း တိုးတက်လာပြီဖြစ်လို့ အောင်မြင်မှုတွေ ပြန်လည် ရယူနိုင်လိမ့်မယ်လို့ အာစင်ဝင်းဂါးက သုံးသပ်ခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up