ကိုဗစ်ကူးစက်မှု မြင့်လာသဖြင့် တိုကျိုမြို့ကို အရေးပေါ်အခြေအနေ ကြေညာပေးရန် တောင်းဆို

FILE PHOTO: Year-end shoppers wearing protective face masks are reflected on mirrors at a shopping and amusement district, amid the coronavirus disease (COVID-19) outbreak, in Tokyo, Japan December 31, 2020. REUTERS/Issei Kato/File Photo
428
ဂျပန်နိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်မှုတွေ တဖန်ခေါင်းထောင်ခဲ့ပြီးနောက် ဇန်နဝါရီ ၂ ရက်က တိုကျိုနဲ့ တခြားစီရင်စု အုပ်ချုပ်ရေးမှူး ၃ ဦးက အရေးပေါ်အခြေအနေကြေညာဖို့ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။
တိုကျိုအုပ်ချုပ်ရေးမှူး ယူရီကို ခိုအီခဲက လူတွေသွားလာမှုကို ချက်ချင်းလျှော့ချဖို့ လိုအပ်တယ်လို့ ထင်မြင်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ခိုအီခဲနဲ့ တခြားအုပ်ချုပ်ရေးမှူး ၃ ယောက်ကလည်း အရေးပေါ်အခြေအနေကို ထည့်စဉ်းစားဖို့ စီးပွားရေးဝန်ကြီး နီရှီမူရကို ပူးတွဲမေတ္တာရပ်ခံခဲ့ပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ရှိနေတဲ့ စီးပွားရေးဝန်ကြီး နီရှီမူရကလည်း အစိုးရအနေနဲ့ မေတ္တာရပ်ခံချက်ကို ထည့်စဉ်းစားမှာဖြစ်ပြီး မကြေညာမီ ကျွမ်းကျင်သူတွေရဲ့ မှတ်ချက်စကားကို ကြားသိဖို့လိုတယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒီဇင်ဘာလ ၃၁ ရက်က တိုကျိုမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၁,၃၃၇ ယောက်နဲ့ စံချိန်တင်ခဲ့ပါတယ်။ အဲဒီနေ့မှာပဲ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့စံချိန်တင် ကူးစက်သူပေါင်း ၄,၅၂၀ ရှိတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။