Home
သတင်းတို
ဒေါ်​အောင်ဆန်း​စုကြည် စက်တင်ဘာ ၁၀ ရက် ဥ​ရောပ ၃ နိုင်ငံ ခရီး​စမည်
DVB
·
September 4, 2013
အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ဥက္ကဋ္ဌ ​ဒေါ်​အောင်ဆန်း​စုကြည်ဟာ အ​ရှေ့​ ဥ​ရောပ ၃နိုင်ငံ ခရီး​စဉ်အဖြစ် စက်တင်ဘာ ၁၀ ရက်​နေ့​မှာ ပိုလန်နိုင်ငံကို စတင် သွား​ရောက်မှာဖြစ်တယ်လို့​ ပါတီက သတင်း​ထုတ်ပြန်ပါတယ်။ ရန်ကုန်-ဘန်​ကောက်ကတဆင့်​ ဇူး​ရစ်က​နေ ပိုလန်နိုင်ငံ ဝါ​ဆောမြို့​ကို သွား​ရောက်မှာ ဖြစ်ပြီး​ ပိုလန်သမ္မတ၊​ ဝန်ကြီး​ချုပ်၊​ အထက်နဲ့​အောက် လွှတ်​တော်ဥက္ကဋ္ဌ​တွေနဲ့​ ​တွေ့​ဆုံမှာပါ။ ဒီ​နောက် ဝါ​ဆောတက္ကသိုလ်မှာ စီး​ပွား​ရေး​၊​ နိုင်ငံ​ရေး​နဲ့​ ပတ်သက်ပြီး​ ​ဟော​ပြောဖို့​ ရှိပါတယ်။ ပိုလန်ခရီး​စဉ်အပြီး​ ဟန်​ဂေရီ ဘူဒါပတ်စ်ကို သွား​ရောက်မှာ ဖြစ်ပြီး​ ဟန်​ဂေရီ သမ္မတ လွှတ်​တော် ဥက္ကဋ္ဌ ​တွေနဲ့​ ​တွေ့​ဆုံမှာ ဖြစ်သလို ဟန်​ဂေရီ ​ကော်ဗင်း​နပ်စ် တက္ကသိုလ်မှာ ​တော်လှန်​ရေး​မှ ပြန်လည် တည်​ဆောက်​ရေး​သို့​ ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြောမှာ ဖြစ်ပါတယ်။ စက်တင်ဘာ ၁၅ မှာ​တော့​ ချက်သမ္မတ နိုင်ငံကို သွား​ရောက်မှာ ဖြစ်ပြီး​ ဖိုရမ် ၂၀၀၀ ဖွင့်​ပွဲမှာ ကွယ်လွန်သူ ချက်​ခေါင်း​ဆောင်​ဟောင်း​ ဗား​ကလပ် ဟာဗဲလ်ကို သတိရခြင်း​နဲ့​ မြန်မာအပြန်အလှန် နှိုး​ဆော်မှု ​ခေါင်း​စဉ်နဲ့​ ​ဟော​ပြော ဖို့​ရှိပါတယ်။ စက်တင်ဘာ ၁၇ ရက်မှာ​တော့​ ဥ​ရောပခရီး​စဉ်ကို အဆုံး​သတ်ပြီး​ မြန်မာကို ပြန်လည်ထွက်ခွာမှာဖြစ်​ကြောင်း​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်နဲ့​အတူ ​ဒေါက်တာ တင်မာ​အောင်၊​ ​ဒေါက်တာ မျိုး​အောင်နဲ့​ ဦး​စိုး​ဝင်း​တို့​ လိုက်ပါသွား​မယ်လို့​ သတင်း​ထုတ်ပြန်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024