အက်စတွန်ဗီလာနှင့်ပွဲတွင် နောက်ဆုံးအချိန်ထိ ရုန်းကန်ခဲ့ရဟု မန်ယူနည်းပြပြော

428
အက်စ်တွန်ဗီလာနဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးရပြီးနောက်ပိုင်း ဘယ်လိုကစားရမလဲဆိုတာ သိဖို့ လိုအပ်ကြောင်း နည်းပြဆိုးလ်ရှားက ပြောပါတယ်။
မန်ယူအသင်းဟာ ဗီလာနဲ့ပွဲမှာ နောက်ဆုံးအချိန်အထိ ရုန်းကန်ခဲ့ရပြီး ခံစစ်ပိုင်းက အကောင်းဆုံး ခုခံကာကွယ်နိုင်ခဲ့တာကြောင့် အနိုင်ရလဒ် ရခဲ့တာပါ။
နောက်ဆုံး ၁၀ မိနစ် အပိုင်းအခြားနဲ့ပတ်သက်ပြီး ကစားသမားတွေရဲ့ ကစားပုံကို နည်းပြဆိုးလ်ရှားက အားရကျေနပ်မှုမရှိခဲ့ဘဲ သက်သောင့်သက်သာနဲ့ ပွဲကို ပြီးဆုံးစေခဲ့သင့်တယ်လို့ ပြောပါတယ်။
နောက်ပိုင်းပွဲချိန်တွေမှာ ချေပဂိုးပေးရဖို့ နီးစပ်ခဲ့တာကြောင့် ဒီပွဲက ရမှတ် ၂ မှတ် အပိုရခဲ့သလိုဖြစ်ပြီး အဲရစ်ဘိုင်လီက ခုခံတားဆီး ပုံတစ်ချက်က အရေးပါခဲ့ပြီး ကောင်းမွန်ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
အနိုင်ရခဲ့ပေမဲ့ နောက်ဆုံး ၁ဝ မိနစ်အခိုက်အတန့်အပေါ် အားရမှုမရှိဘဲ ဖလားဗိုလ်လုပွဲ တစ်ခုလို ရာသီသိမ်းနောက်ဆုံးပွဲစဉ်လို ပြိုင်ဆိုင်မှုပြင်းထန်ခဲ့တယ်လို့ ဆိုးလ်ရှားက ပြောပါတယ်။
အသင်းသားတွေအနေနဲ့ ကိုယ်ကဦးဆောင်ထားချိန်မှာ ဘယ်လိုကစားရမလဲဆိုတာ ဒီပွဲကနေ သင်ခန်းစာယူနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ဆိုးလ်ရှားက တိုက်တွန်းသွားခဲ့ပါတယ်။