သမ္မတဒေါ်နယ်ထရမ့်၏ ကာကွယ်ရေးအသုံးစရိတ် ဗီတိုအာဏာ အထက်လွှတ်တော် ပယ်ချ

ရီပတ်ဘလီကန် ဦးဆောင်တဲ့ အထက်လွှတ်တော်ဆီးနိတ်က သမ္မတဒေါ်နယ်ထရမ့်ရဲ့  ကာကွယ်ရေး အသုံးစရိတ် ဗီတိုအာဏာကို ဇန်နဝါရီ ၁ ရက်မှာ ပယ်ချလိုက်ပါတယ်။  ဒါဟာ အိမ်ဖြူတော်ကနေ သမ္မတထရမ့် မထွက်ခွာမီ ရက်ပေါင်း ၂၀ အလိုမှာ ထရမ့် ပြင်းပြင်းထန်ထန် ကန့်ကွက်နေတဲ့ကြားက ဥပဒေကြမ်း အတည်ပြုဖို့ ကြိုးပမ်းတာပါ။  ဇန်နဝါရီ ၃ ရက် ကွန်ဂရက်အသစ် ကျမ်းသစ္စာမဆိုမီ သမ္မတထရမ့်ရဲ့ ဗီတိုအမိန့်ကို ဆီးနိတ်က ၈၁ မဲ - ၁၃ မဲနဲ့ ပယ်ဖျက်လိုက်တာပါ။ ဇန်နဝါရီ ၂၀ ရက်မှာ အိမ်ဖြူတော်ကနေ ထွက်ခွာတော့မယ့် ထရမ့်ဟာ အရင်က ဗီတို အမိန့် ၈ ခုကို အတည်ပြုခဲ့ပါတယ်။  ဇန်နဝါရီ ၁ ရက် နှစ်သစ်ကူးနေ့မှာ ထူးထူးခြားခြား ပြုလုပ်တဲ့ အစည်းဝေးအတွင်း သမ္မတဗီတိုအမိန့်ကို ပယ်ချဖို့ လိုအပ်တဲ့ ထောက်ခံမဲ သုံးပုံနှစ်ပုံကို ပါတီနှစ်ခု ထောက်ခံမှုနဲ့  ဆီးနိတ်ဟာ ရရှိခဲ့တယ်လို့ ရိုက်တာက တင်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up