ဝ ဒေသတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၆၁ ဦးထိ ရှိလာ
DVB
·
January 2, 2021
ဝ ဒေသမှာ ဇန်နဝါရီ ၁ ရက်နေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်ပိုးတွေ့လူနာ ၆၁ ဦး ရှိလာပြီလို့ ဝ ကျန်းမာရေးဌာန ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။
ဝ ဒေသတွင်း ဒီဇင်ဘာ ၁၄ ရက်နေ့နဲ့ ၁၆ ရက်နေ့က တရုတ်နိုင်ငံမှ ခိုးဝင်လာသူနှစ်ဦးမှာ ကိုဗစ်ပိုးစတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ခွဲနမူနာ စုစုပေါင်း ၁၄၅၈၇ ဦးကို စစ်ဆေးခဲ့တာဖြစ်ပြီး ပန်းခမ်းမြို့မှာ အတည်ပြုလူနာ ၃၂ ဦး၊ မိုင်းပေါက်ခရိုင်မှာ ၂၉ ဦး စုစုပေါင်း ၆၁ ဦး ပိုးကူးစက်ခံထားရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အတည်ပြုလူနာတွေ အားလုံးကို တရုတ်နိုင်ငံ မုံးလင်မြို့ ကြက်ခြေနီအသင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်တွေနဲ့ ဝ ဒေသ ကျန်းမာရေးဌာန ရောဂါကာကွယ်ထိန်းချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဆေးကုသပေးနေတယ်လို့ သိရပါတယ်။ ကိုဗစ်ကြောင့် သေဆုံးလူနာ မရှိသေးပါဘူး။