ပန်းချီပညာရှင် ၂ ဦး၏ NOT FOR SALE ပန်းချီပြပွဲ (ဓာတ်ပုံ)
မောင်တူး
·
January 1, 2021
ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ညောင်ဦးမြို့က MPP Art Gallery မှာ ပန်းချီဆရာမ ရတနာမြတ်ပန်းနွယ်နဲ့ ပန်းချီဟန်ကျော်မိုးတို့ရဲ့ ပူးတွဲပန်းချီပြပွဲ NOT FOR SALE ART SHOW ကို ဖွင့်လှစ်ပြသနေပါတယ်။
အခု နှစ်သစ်မှာ ပထမဦးဆုံး ပြုလုပ်တဲ့ ဒီပန်းချီပြပွဲကို ၂၀၂၁ ခုနှစ် နှစ်ဆန်း ဇန်နဝါရီလ ၁ ရက်ကနေ ၇ ရက်နေ့အထိ တပတ်တိတိ ပြသသွားမှာပါ။
ပန်းချီပညာရှင် ၁ ဦးကို ပန်းချီကား ၂၀ စီနဲ့ ပန်းချီကားပေါင်း ၄ဝ တိတိကို ပြသထားပြီး ရောင်းဈေးကိုတော့ သတ်မှတ်မထားပါဘူး။