A d v e r t i s e m e n t With Us

နှစ်သစ်ကူးစကားအဖြစ် မိမိအစိုးရလက်ထက် အောင်မြင်မှုများကို ထရမ့် ချီးမွမ်း ပြောဆို

အမေရိကန်သမ္မတ  ဒေါ်နယ်ထရမ့်က နှစ်သစ်ကူးသတင်းစကားပြောဆိုရာမှာ ကပ်ရောဂါ ကိုင်တွယ်မှုနဲ့ စီးပွားရေး ပြန်တည်ဆောက်မှုအပါအဝင် သူ့အစိုးရရဲ့ အောင်မြင်မှုတွေကို ချီးမွမ်းပြောဆို လိုက်ပါတယ်။ သူ့အစိုးရအဖွဲ့ လုပ်ဆောင်ပေးတာတွေအတွက်  သူတို့ကို အမှတ်ရကြမှာ ဖြစ်တယ်လို့ လည်း ပြောဆိုခဲ့ပါတယ်။ အမေရိကန်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို  စံချိန်တင် ထုတ်လုပ်ထားပြီး ဒီထုတ်လုပ်မှုဟာ  နှစ်မကုန်ခင် ဖြစ်လာမယ်လို့ သူတွက်ဆထားတယ်ဆိုပြီး သမ္မတ ထရမ့်က ပြောဆိုဖူးပါတယ်။  သမ္မတထရမ့်ဟာ ဒီဇင်ဘာ ၃၁ ရက် အစောပိုင်းက ဖလော်ရီဒါရှိ သူရဲ့ အပန်းဖြေ နေအိမ်ကနေ ဝါရှင်တန်ကို ပြန်လာခဲ့ပါတယ်။ ကွန်ဂရက်မှာ  ကာကွယ်ရေးဥပဒေကြမ်းနဲ့ ကိုဗစ်-၁၉  အထောက်အပံ့နဲ့ပတ်သက်လို့  ထရမ့်ဟာ  ဆက်ကြိုးပမ်းနေပြီး တွစ်တာကနေလည်း သူ့အစိုးရရဲ့ သမိုင်းဝင် အောင်မြင်မှုတွေကို မှတ်တမ်းတင်ဖော်ပြနေတယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြပါတယ်။

A d v e r t i s e m e n t With Us

More News
Up