Home
မြန်မာသတင်း
နှစ်သစ်ကူးကာလ မန္တလေးကျုံးဘေးတစ်လျှောက် လုံခြုံရေး တင်းကြပ်
DVB
·
January 1, 2021
၂၀၂၁ နှစ်သစ်ကူးညက မန္တလေးကျုံး ပတ်လည်တစ်လျှောက် လူစုလူဝေး မဖြစ်စေဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေ၊ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေ၊ စည်ပင်ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး တင်းကြပ်စွာ ဆောင်ရွက်ခဲ့ပါတယ်။ ကျုံးဘေးတလျှောက် ခေတ္တရပ်နား၊ လည်ပတ်သူ တချို့ကိုလည်း တာဝန်ရှိသူတွေက လိုက်လံတားမြစ်နေတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ်သစ်ကူး ကာလတွေမှာတော့ မြို့တော်စည်ပင်က ဦးဆောင်ကာ နှစ်သစ်ကူး အခမ်းအနားတွေကို ကျင်းပလေ့ရှိပြီး အခုနှစ်မှာတော့ စည်ပင်ရုံးကို မီးအလှဆင်ထားမှုသာ ရှိကာ count down အစီအစဉ်ကို ကျင်းပခြင်းမရှိဘူးလို့လည်း သိရပါတယ်။ ကို‌ဗစ်-၁၉ ရောဂါကူးစက်မှု လျှော့ချနိုင်ဖို့အတွက် မန္တလေးမြို့အတွင်း လူစုလူဝေးအများဆုံး စုဝေးလေ့ ရှိတတ်တဲ့ ကျုံးနံဘေးတစ်လျှောက်လမ်းလျှောက်တာ၊ အားကစားပြုလုပ်တာ၊ ဓာတ်ပုံရိုက်တာတွေ မပြုလုပ်ကြဖို့ကိုလည်း ဒီဇင်ဘာလလယ်ကတည်းက မေတ္တာရပ်ခံ တားမြစ်ထားပါတယ်။ မန္တလေးခရိုင်အတွင်း ချမ်းအေးသာစံ၊မဟာအောင်မြေနဲ့ အမရပူရမြို့နယ်တွေကို ကိုဗစ်ကူးစက်မှု မြင့်တက်ခဲ့တဲ့အတွက် စက်တင်ဘာလကတည်းက stay at home သတ်မှတ်ခဲ့တာဖြစ်ပြီး ကျန် လေးမြို့နယ်ကို ဒီဇင်ဘာလ ၂၆ ရက်နေ့ကစပြီး stay at home ထပ်မံ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။  ဒါ့အပြင် ည ၁၂ နာရီမှ မနက် ၄ နာရီအတွင်း ည မထွက်ရ အမိန့်လည်း ထုတ်ပြန်ထားတာ ပါတယ်။ သတင်း- ထိန်ထိန်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024