၂၀၂၀ ပြည့်နှစ်က ထူးခြားပြီး မမေ့နိုင်စရာဖြစ်ခဲ့ဟု လီဗာပူးနည်းပြပြော

254
၂၀၂၀ ပြည့်နှစ်မှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့လို့ ထူးခြားပြီး စိန်ခေါ်မှုတွေရှိခဲ့တဲ့ နှစ်ဖြစ်တယ်လို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့ပ်ကပြောပါတယ်။
လီဗာပူးအသင်းဟာ ၂၀၂၀ ပြည့်နှစ်မှာ နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး မမေ့နိုင်စရာ ခုနှစ် ဖြစ်ခဲ့တာပါ။
၂၀၂၀ ပြည့်နှစ်က အသင်းသားအားလုံးအတွက် အတွေ့အကြုံသစ်ဖြစ်ခဲ့သလို စိန်ခေါ်မှု အမြောက်အများရှိပြီး ထူးခြားတဲ့ ခုနှစ်ဖြစ်ခဲ့တယ်လို့ နည်းပြ ကလော့ပ်ကပြောပါတယ်။
အရေးပါဆုံးအချက်က ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တာဖြစ်ပြီး စိန်ခေါ်မှု တချို့ရှိခဲ့ပေမယ့်လည်း ပျော်ရွှင်စရာကောင်းတဲ့နှစ်ဖြစ်ခဲ့တယ်လို့ ကလော့ပ်ကသုံးသပ်ခဲ့ပါတယ်။
ချန်ပီယံဖြစ်ခဲ့တဲ့ ခုနှစ်ဖြစ်ခဲ့တာကလွဲပြီး အနာဂတ်မှာတော့ သိပ်ပြီး တွေးဖြစ်မှာ မဟုတ်တော့တဲ့ ခုနှစ်လည်းဖြစ်ကြာင်း နည်းပြကလော့ပ်က ကိုဗစ်-၁၉ ကပ်ရောဂါကာလကို ရည်ညွှန်းပြီး ပြောခဲ့ပါတယ်။
လစ်ဗာပူးအသင်းဟာ ပရီးမီးယားလိဂ် ၂ ပွဲဆက်တိုက် သရေကျခဲ့ပြီးနောက် ဇန်နဝါရီ ၅ ရက်မှာ ဆောက်သမ်တန်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။