ကိုရီးယားသက်ကြီးဂေဟာတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူတိုးလာ

313
တောင်ကိုရီးယား သက်ကြီးဂေဟာတွေမှာ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ တိုးလာပြီးနောက် သက်ကြီးဂေဟာမှာ နေကြတဲ့ ကိုဗစ်လူနာတွေကို တခြားနေရာဆီ လွှဲပြောင်းခဲ့ပါတယ်။
ဒီဇင်ဘာ ၃၁ ရက်က တောင်ကိုရီးယားမှာ စုစုပေါင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ ၆၀,၀၀၀ ကျော်လွန်ခဲ့ပြီး အဲဒီနေ့ အသစ်ကူးစက်သူ ၉၆၇ ယောက် ရှိခဲ့ပါတယ်။
ဒါ့အပြင် သက်ကြီးဂေဟာ ဒါမှမဟုတ် သက်ကြီးဆေးရုံမှာ နေကြသူ ၃၁၆ ယောက် သေဆုံးခဲ့တယ်လို့လည်း ရောဂါထိန်းချုပ်ရေးနဲ့ ကြိုတင်ကာကွယ်ရေး အေဂျင်စီ (KDCA) ကဆိုပါတယ်။
ဒီဇင်ဘာ ၂၉ ရက်က ဆိုရင် တစ်နေ့တည်း သေဆုံးသူ အယောက် ၄၀ နဲ့ စံချိန်တင်ခဲ့ပြီး သေဆုံးသူတွေရဲ့ ၇၀ ရာခိုင်နှုန်းဟာ ဂေဟာ ဒါမှမဟုတ် ဆေးရုံမှာ နေကြသူတွေ ဖြစ်ပါတယ်။
ဒါ့အပြင် ဆိုးလ်မြို့ရှိ ဒေါင်ဘူအကျဉ်းထောင်မှာ ပိုးကူးစက်သူ ၇၉၂ ယောက် တွေ့ရှိပြီးနောက် အကျဉ်းသားတွေနဲ့ တွေ့တာ ၊ အလုပ်လုပ်တာနဲ့ စာသင်တာတွေကို တားမြစ်တဲ့ အမြင့်ဆုံး စည်းကမ်းချက်တွေကို တရားရေးဌာနက ဒီဇင်ဘာ ၂၉ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။