တရုတ်ရေတပ် ဆေးသင်္ဘော မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာ
DVB
·
September 3, 2013
မြန်မာ ရေတပ်ရဲ့ဖိတ်ကြားချက်အရ ရန်ကုန် သီလ၀ါဆိပ်ကမ်းဆိပ်ကမ်းမှာ ရောက်ရှိဆိုက်ကပ်နေတဲ့ Peace Ark အမည်ရှိ တရုတ်ရေတပ် ဆေးသင်္ဘောဟာ မြန်မာပြည်သူတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေ ပေးပြီး ဒီနေ့ မြန်မာနိုင်ငံက ပြန်လည်ထွက်ခွာပါတယ်။
တရုတ် ရေတပ်ဆေးကုသရေးသင်္ဘာဟာ ဩဂုတ်လ ၂၈ ရက်နေ့က တည်းက ရန်ကုန်မြို့မှာ ရောက်ရှိနေတာဖြစ်ပြီး တရုပ်ဆေးကုထုံးတွေနဲ့ မြန်မာရေတပ်မိသားစုတွေနဲ့ ရန်ကုန်လူထုတွေကို တပတ်ကြာဆေးကုသပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်ရေတပ် ဆေးသင်္ဘောဟာ ကုတင် ၃၀၀ ဆန့်ပြီး သင်္ဘော အထူးကြပ်မတ်ဆောင် အခန်း ၂၀ ပါဝင်ကာ ခွဲစိတ်ခန်း ၈ ခန်း အကြီးစားခွဲစိတ်မှု ၄ ခု လုပ်နိုင်တဲ့စွမ်းရည်ရှိတယ်လို့ သိရပါတယ်။ Read more