အမေရိကန်အောက်လွှတ်တော်အမတ် ကိုဗစ်-၁၉ ရောဂါဖြင့် ကွယ်လွန်

277
အမေရိကန်အောက်လွှတ်တော် ရွေးကောက်ခံအမတ် လုခ်လက်လိုးဟာ ဒီဇင်ဘာ ၂၉ ရက်က ကိုဗစ်-၁၉ ရောဂါနဲ့ ကွယ်လွန်ခဲ့တယ်လို့ သူရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့က ပြောပါတယ်။
အသက် ၄၁ အရွယ် လုခ်လိုးဟာ ကိုဗစ်-၁၉ ကြောင့်ဖြစ်တဲ့ ထပ်တိုးရောဂါတွေနဲ့ အွတ်စနဲဆူဆေးရုံမှာ ကွယ်လွန်ခဲ့တယ်လို့ မဲဆွယ်ပွဲ မန်နေဂျာက ဆိုပါတယ်။
ကိုရိုနာဗိုင်းရပ်စ် တွေ့ပြီးနောက် ဒီဇင်ဘာ ၁၉ ရက်မှာ လက်လိုးကို မွန်ရိုးဆေးရုံကို တင်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်မှာ အွတ်စနဲဆူဆေးရုံ အထူးကြပ်မတ်ကုသဆောင်ကို ပြောင်းရွေ့ခဲ့တာပါ။
ဒီဇင်ဘာ ၅ ရက်က လုပ်တဲ့ ဒုတိယအကျော့ ရွေးကောက်ပွဲမှာ ရီပတ်ဘလီကန် တစ်ဦး ဖြစ်တဲ့ လက်လိုးဟာ လူဝီစီယားနားပြည်နယ် အရှေ့မြောက်ပိုင်းနဲ့ အလယ်ပိုင်းကို ကိုယ်စားပြုတဲ့ အမှတ် ၅- ခရိုင်နေရာအတွက် အနိုင်ရခဲ့ပါတယ်။
ရွေးကောက်ခံလွှတ်တော်အမတ် လက်လိုး သေဆုံးမှုအတွက် လူဝီစီယားပြည်နယ် အုပ်ချုပ်ရေးမှူး ဂျွန်ဘဲလ်အက်ဒ်ဝပ်နဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌ နန်စီပယ်လိုစီတို့က တွစ်တာ လူမှုကွန်ရက်ကနေ ဝမ်းနည်းကြောင်း ရေးသားဖော်ပြခဲ့ပါတယ်။