ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါသန်းချီကူးစက်ခံရသည့် နိုင်ငံ ၁၈ နိုင်ငံဖြစ်လာ

ကမ္ဘာတဝန်းမှာ ကိုဗစ်-၁၉ ရောဂါ သန်းနဲ့ချီကူးစက်ခံရတဲ့ နိုင်ငံအရေအတွက်ဟာ ဒီဇင်ဘာ ၃၀ ရက်အထိ နိုင်ငံပေါင်း  ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ တကမ္ဘာလုံးအတိုင်းအတာနဲ့ ရောဂါကူးစက်ခံရသူအရေအတွက်ဟာလည်း ၈၂ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၁ ဒသမ ၇၉ သန်းကျော်၊ ရောဂါပြန်လည်ပျောက် ကင်းလာသူအရေအတွက် ၅၈ သန်းကျော် ရှိနေတာပါ။ ရောဂါဖြစ်ပွားမှု အမြင့်ဆုံးနိုင်ငံတွေထဲမှာတော့ အမေရိကန်နိုင်ငံက ကူးစက်ခံရသူ ၁၉ ဒသမ ၉ သန်းကျော်၊ သေဆုံးသူ ၃၄၆,၅၇၉ ယောက်၊ အိန္ဒိယနိုင်ငံက ကူးစက်ခံရသူ ၁၀ ဒသမ ၂ သန်းကျော်၊ သေဆုံးသူ ၁၄၈,၄၇၅ ယောက်၊ ဘရာဇီးနိုင်ငံက ကူးစက်ခံရသူ ၇ ဒသမ ၅ သန်းကျော်၊ သေဆုံးသူ ၁၉၂,၇၁၆ ယောက်စီနဲ့ ထိပ်ဆုံး ၃ နိုင်ငံအနေနဲ့ အသီးသီး ရပ်တည်နေပါတယ်။ အဲဒီ ၃ နိုင်ငံနောက်မှာတော့ ရုရှားနိုင်ငံက ကူးစက်ခံရသူ ၃ ဒသမ ၁ သန်းကျော်၊  ပြင်သစ်နိုင်ငံက ၂ ဒသမ ၅ သန်းကျော်၊ ယူကေနိုင်ငံက ၂ ဒသမ ၃ သန်းကျော်၊ တူရကီ နိုင်ငံက ၂ ဒသမ ၁ သန်းကျော်၊ အီတလီနိုင်ငံက ၂ သန်းကျော်စီနဲ့ အသီးသီး ကူးစက်ခံ ထားရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ စပိန်၊ ဂျာမနီ၊ ကိုလံဘီယာ၊ အာဂျင်တီးနား၊ မက္ကဆီကို၊ ပိုလန်၊ အီရန်၊ ယူကရိန်း၊ တောင်အာဖရိကနဲ့ ပီရူးနိုင်ငံတွေ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အ ရေအတွက် ၁ သန်းကျော်လာခဲ့ပြီ ဖြစ်တာမို့ ခုချိန်ထိ ကမ္ဘာတဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူဦးရေ ၁ သန်းကျော်လာခဲ့တဲ့ နိုင်ငံပေါင်း ၁၈ နိုင်ငံထိ ရှိလာခဲ့ပြီလို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ ရောဂါဖြစ်ပွားမှုစတင်ရာ တရုတ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၈၇,၀၂၇ ယောက်၊ စုစုပေါင်း သေဆုံးသူ ၄,၆၃၄ ယောက်နဲ့ ခုရက်ပိုင်း အတွင်း သေဆုံးသူထပ်တိုးမလာဘဲ နိုင်ငံအလိုက် အမှတ်စဉ် ၈၁ နေရာထိ ကျဆင်း သွားခဲ့ပါတယ်။ အာရှဒေသတွင်း နိုင်ငံတွေထဲမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု အမြင့် ဆုံး အိန္ဒိယ၊ တူရကီနဲ့ အီရန်နိုင်ငံပြီးရင် အင်ဒိုနီးရှား၊ အီရတ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ တွေက ကူးစက်ခံရသူဦးရေ  ၇၃၅,၁၂၄ ယောက်၊ ၅၉၃,၅၄၁ ယောက်၊ ၅၁၁,၂၆၁ ယောက် စီနဲ့ အသီးသီး ရှိနေပါတယ်။ အာဆီယံနိုင်ငံတွေထဲမှာတော့ အင်ဒိုနီးရှားနိုင်ငံပြီးရင် ဖိလစ်ပိုင်နိုင်ငံက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူဦးရေ ၄၇၂,၅၃၂ ယောက်နဲ့ သေဆုံးသူ ၉,၂၃၀ ယောက်နဲ့ ဒုတိယနေရာမှာ ရှိနေပါတယ်။ လတ်တလော ကူးစက်မှုတွေ မြင့်တက်နေတဲ့ မြန်မာနိုင်ငံကတော့ ဒီဇင်ဘာ ၂၉ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း ၁၂၃,၁၅၃ ယောက်၊ သေဆုံး သူ ၂,၆၃၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၅,၂၇၉ ယောက်ရှိပြီလို့ ကျန်းမာ ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပြီး အာဆီယံနိုင်ငံတွေထဲမှာ ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၀၈,၆၁၅ ယောက်နဲ့ သေဆုံးသူ ၄၅၇ ယောက် ရှိပါတယ်။ စင်ကာပူနိုင်ငံကတော့ ရောဂါကူးစက်ခံရသူအရေအတွက် ၅၈,၅၆၉ ယောက်နဲ့ ခုရက်ပိုင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ ၂၉ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူး စက်ခံရသူ အရေအတွက် ၆,၆၉၀ ယောက်နဲ့ ခုရက်ပိုင်းအတွင်း သေဆုံးသူအရေအတွက် ထပ်တိုးမလာဘဲ အယောက် ၆၁ ယောက် ရှိနေပါတယ်။ ဗီယက်နမ်နိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁,၄၅၄ ယောက်နဲ့ သေဆုံးသူအရေအတွက် ခုရက်ပိုင်းမှာ တိုးမလာဘဲ ၃၅ ယောက် ရှိနေပြီး ဘရူနိုင်းနိုင်ငံမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေအတွက် ၁၅၇ ယောက်နဲ့ သေဆုံးသူ ၃ ယောက် ရှိနေတာပါ။ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေမှာတော့ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ အရေ အတွက် ၃၆၄ ယောက်နဲ့  ၄၁ ယောက်စီ အသီးသီးရှိနေပေမယ့် သေဆုံးလူနာ ခုချိန်ထိ မရှိသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up