သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံ သွားရောက်
DVB
·
September 2, 2013
သမ္မတ ဦးသိန်းစိန်ဟာ တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ကွမ်ရှီးပြည်နယ် နန်နင်း မြို့မှာ ကျင်းပမယ့် ၁၀ ကြိမ်မြောက် အာဆီယံ-တရုတ် ကုန်စည်ပြပွဲကို တက်ရောက်ဖို့ ဒီကနေ့ နေပြည်တော်က ထွက်ခွာသွားတယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြပါတယ်။
ကုန်စည်ပြပွဲကို စက်တင်ဘာ ၃ ရက်နေ့ကနေ ၆ ရက်နေ့အထိ ကျင်းပမှာ ဖြစ်ပြီး သမ္မတ ဦးသိန်းစိန်ဟာ နန်နင်းမြို့မှာ ရှိနေစဉ်မှာ တရုတ်ဝန်ကြီးချုပ်နဲ့ တွေ့ဆုံဖွယ် ရှိတယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
သမ္မတနဲ့အတူ ပြည်ထောင်စုဝန်ကြီးတွေဖြစ်တဲ့ ဦးမြင့်လှိုင်၊ ဦးအုန်းမြင့်၊ ဦးဝင်းရှိန်၊ စသူတို့လိုက်ပါသွားပြီး နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နဲ့ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်တို့ကတော့ ကြိုတင်ရောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့ပြင် ဒီနှစ် နန်နင်း ကုန်စည်ပြပွဲမှာ မြန်မာပြခန်း ၁၀၀ လောက် ဖွင့်လှစ်ပြသမှာဖြစ်ပြီး မြန်မာစီးပွားရေးသမား ၁၅၀ လောက် တက်ရောက်ဖို့ ရှိတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။
အခု ခရီးစဉ်ဟာ သမ္မတ ဦးသိန်းစိန်ရဲ့ လေးကြိမ်မြောက် တရုတ်ပြည်ခရီးစဉ်လည်း ဖြစ်ပါတယ်။