ပရီးမီးယားလိဂ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စံချိန်တင်မြင့်တက်

480
အပတ်စဉ်စစ်ဆေးမှု စတင်ပြီးနောက်ပိုင်း ကိုဗစ်-၁၉ ကူးစက်ခံရသူ စံချိန်တင်တွေ့ရှိခဲ့ တယ်လို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက ပြောပါတယ်။
ရှက်ဖီးအသင်းက တချို့အပါအဝင် ပိုးကူးစက်ခံရ သူ ၁၈ ဦးအထိတွေ့ခဲ့ရတာဖြစ်ပါတယ်။ အင်္ဂလိပ်ဘောလုံးလောကကို ဇွန်လမှာပြန်လည်စတင်ခဲ့ချိန်ကတည်းက လက်ရှိ ကိုဗစ်-၁၉ ရောဂါအခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခဲ့ရပါတယ်။
ပရိတ်သတ်အများစုဟာ ကွင်းထဲ ဝင်ကြည့်ခွင့်မရတော့သလို ကစားသမားတွေအနေနဲ့ ကျန်းမာရေးဆိုင် ရာစစ်ဆေးမှုတွေကို အပတ်စဉ်ပြုလုပ်နေရပါတယ်။
ပိုးတွေ့တဲ့ ကစားသမားဖြစ်စေ၊ အသင်းဝန်ထမ်းဖြစ်စေ ၁၀ ရက်ကြာ သီးသန့်ခွဲခြား နေထိုင်စေဖို့ သတ်မှတ်ထားတာကြောင့် ဒီရာသီအတွင်း နာမည်ကြီးကစားသမား တချို့ဟာ ပွဲစဉ်တွေကိုလွဲချော်ခဲ့ရပါတယ်။
နယူးကာဆယ်လေ့ကျင့်ရေးကွင်းမှာ ကိုဗစ်-၁၉ ပိုးပျံ့နှံ့မှုဖြစ်ပွားခဲ့တာကြောင့် နယူးကာဆယ် -အက်စတွန်ဗီလာပွဲကို ရွှေ့ဆိုင်းခဲ့ရပြီး မန်စီးတီအသင်းမှာ ပိုးကူးစက်မှု များပြားခဲ့လို့လည်း အဲဗာတန်-မန်စီတီးပွဲကို ပွဲမစခင် နာရီအနည်းငယ် အလိုမှာတင်ရွေ့ဆိုင်းခဲ့ရပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် မန်စီးတီးကစားသမားတွေဖြစ်တဲ့ ဂျေဆုနဲ့ ဝေါ်ကာတို့ ဟာ နယူးကာဆယ်ကို နိုင်ခဲ့တဲ့ပွဲကို လွဲချော်ခဲ့ရပြီး အသင်းဝန်ထမ်း ၂ ဦးကိုလည်း သီးသန့်ခွဲခြား နေထိုင်စေတယ်လို့ မန်စီတီးအသင်းကပြောပါတယ်။
ဒီအခြေအနေမှာ အီတီဟတ်ကန်းပတ်လေ့ကျင့်ရေးကွင်းကိုလည်း ပိတ်ခဲ့ရတာ ကြောင့် မန်စီတီးရဲ့နောက် လာမယ့် ချဲလ်ဆီး၊ ယူနိုက်တက်တို့နဲ့ပွဲစဉ်တွေဟာ ကစားမှာလား၊ ရွေ့ဆိုင်း လိုက်မလားစောင့်ကြည့်ရမှာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်တစ်ခုလုံးမှာ ပိုးကူးစက်ခံရသူတွေဟာ အမြင့်ဆုံးအခြေအနေကို ရောက်ရှိ လာခဲ့ပြီလို့ ပရီးမီးယားလိဂ်တာဝန်ရှိသူတွေက မနေ့က ဝက်ဘ်ဆိုဒ်ကနေ တဆင့်ထုတ်ပြန်ခဲ့ ပါတယ်။
ဒီဇင်ဘာ ၂၁ ရက်ကနေ ၂၇ ရက်အတွင်းကစားသမားနဲ့ အသင်းဝန်ထမ်း ၁၄၇၉ ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာသစ် ၁၈ ဦး တွေ့ခဲ့ရတယ်လို့ ဝက်ဘ်ဆိုဒ်မှာဖော်ပြထားပါတယ်။
ဒီအထဲမှာအသင်းနဲ့ပတ်သတ်သူတစ်ချို့ပါဝင်နေတယ်လို့ရှက်ဖီးလ်အသင်းကထုတ်ပြန်ခဲ့ပေမဲ့ ဘန်လေနဲ့ အင်္ဂါနေ့ပွဲကိုတော့ စီစဉ်ထားတဲ့ အတိုင်းဆက်ကစားခဲ့ပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပွဲတော်ကာလအတွင်း EFL ပွဲစဉ်တစ်ချို့ကိုလည်း ရွှေ့ဆိုင်းခဲ့ရပြီး တနင်္လာနေ့မှာ ပွဲ ၇ ပွဲကို ဖျက်သိမ်းလိုက်ရပါတယ်။