ခရိုအေးရှားမြို့တော် လာဂရက်အနီး မြေငလျင်လှုပ် 

ခရိုအေးရှားနိုင်ငံ မြို့တော် လာဂရက်အနီးမှာ  ဒီဇင်ဘာလ ၂၉ ရက်က  ပြင်းအား  ရစ်ချ်တာစကေး  ၆ ဒသမ ၄ အဆင့်ရှိတဲ့  မြေငလျင်တစ်ခု မြေအောက်အနက် ၁၀ ကီလိုမီတာကနေ လှုပ်ခတ်သွားခဲ့တယ်လို့ GFZ  ဂျာမန်ဘူမိသုတေသန စင်တာက ပြောပါတယ်။ N1 သတင်းချန်နယ်ကတော့  လာဂရက်ကနေ ကီလိုမီတာ ၅၀ အကွာ ပတ်ထရီနာမြို့ကို ဗဟိုပြုလှုပ်ခဲ့တယ်လို့   ထုတ်လွှင့်သွားပါတယ်။ မြေငလျင်ကြောင့်  ထိခိုက်ပျက်စီးမှုအခြေအနေနဲ့ သေဆုံးဒဏ်ရာရသတင်းကို မသိရသေးပါဘူး။  ဒီဇင်ဘာ ၂၈ ရက်ကလည်း ခရိုအေးရှားနိုင်ငံအလယ်ပိုင်း ပတ်ထရီနာမြို့ အနီးမှာ ပြင်းအား ၅ ဒသမ ၂ ရှိတဲ့ မြေငလျင် လှုပ်ခဲ့ပါတယ်။ မတ်လတုန်းကလည်း ပြင်းအား ၅ ဒသမ ၃ အဆင့်ရှိ မြေငလျင်ဟာ လာဂရက်မှာလှုပ်ခဲ့ပြီး လူတစ်ယောက်သေဆုံးကာ ၂၇ ယောက် ဒဏ်ရာရခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up