အဆိုးများနှင်ထုတ်ပွဲ  နယူးယောက်မြို့သားများ ကျင်းပ

နယူးယောက်မြို့ တိုင်းမ်စကွဲမှာ ဒီဇင်ဘာ ၂၈ ရက်က  နှစ်စဉ်ပြုလုပ်တဲ့ 'Good riddance " လို့ ခေါ်တဲ့ နှင်ထုတ်ပွဲအခမ်းအနားမှာ "အဆိုးတွေများလှတဲ့ ၂၀၂၀ ခုနှစ်" နယူးယောက်သားတွေ နှင်ထုတ်ခဲ့ပါတယ်။ ၁၄ ကြိမ်မြောက် လုပ်တဲ့ " Good riddance ပွဲ"မှာ  ရုပ်ရှင်သရုပ်ဆောင် ဂျွန်နသန် ဘန်နက်က အစီအစဉ်မှူး လုပ်ခဲ့ပါတယ်။  ဒီပွဲဟာ တစ်နှစ်တာအတွင်း ဆိုးရွားတဲ့ အမှတ်ရစရာတွေကို  ဖျက်ဆီးပစ်လိုသူတွေကို အခွင့်အရေးပေးတာ ဖြစ်ပါတယ်။  ဒီပွဲမှာ ၂၀၂၀ နဲ့ပတ်သက်လို့ သူတို့မေ့ပျောက်ချင်တဲ့အရာတွေကို ဖျက်ဆီးပစ်ဖို့  စာရင်းပေးထားသူက တစ်ဒါဇင်ခန့် ရှိပါတယ်။  ပြဇာတ်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ဦးကလည်း "၂၀၂၀ မှာ ပြဇာတ်လောကဟာ လွင့်ပြယ်သွားသလို ခံစားရတယ်။ အခု ကာကွယ်ဆေးရပြီဆိုတော့ လာမယ့်နှစ် ဒီလိုအချိန်မှာ ပြဇာတ်တွေ ပြန်ကပြနိုင်မယ် မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။   Good riddance ပွဲကို ၂၀၀၇ ခုနှစ်ကစပြီး  Times Square Alliance အဖွဲ့က ကျင်းပလာတာပါ။  ဒီပွဲကို နှစ်သစ်ကူးအထိမ်းအမှတ် ဘောလုံးကျရာ နေရာအနီး ပြုလုပ်တယ်လို့ ရိုက်တာ သတင်းမှာ ရေးသားထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up