ပြွန်တန်ဆာမြို့ အထက ၁ ကျောင်းဆောင် ပြိုကျ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ် ပြွန်တန်ဆာမြို့  အထက ၁ က  ကျောင်းဆောင်တခု ဒီနေ့ မနက်ပိုင်းမှာ မတော်တဆ ပြိုကျခြဲ့ပီး ကျောင်းသူကျောင်းသား  အနည်းဆုံး ၁ ဒါဇင်လောက် ဒဏ်ရာရသွားတယ်လို့ ပြွန်တန်ဆာရဲစခန်းနဲ့ ညောင်လေးပင်မြို့ နယ်ရဲစခန်းတွေက  အတည်ပြုပြောဆိုပါတယ်။ ကျောင်းသားအများစု ပွန်းပဲ့ဒဏ်ရာရသွားတာဖြစ်ပြီး ကျောင်းသူ ၃  ယောက်ကိုတော့ ဆေးရုံကြီးကို ပို့လိုက်ရကြောင်း ပြွန်တန်ဆာမြို့ ရဲစခန်း တာဝန်ကျရဲအရာရှိ မင်းဇော်ဦးက ပြောပါတယ်။ သစ်သားကျောင်းဆောင် ပြိုကျရတဲ့အကြောင်းရင်းကို အတိအကျမသိရသေးပေမယ့် နံနက်ကျောင်းတက်ချိန် နိုင်ငံတော် သီချင်းဆိုဖို့ ဝရံတာမှာ တန်းစီနေစဉ် ကျောင်းဆောင် မတော်တ ဆပြိုကျခဲ့တာလို့ ကျာင်းသားမိဘတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ဇူလိုင် ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ မုံရွာမြို့ အမှတ် ၂ အထက်တန်းကျောင်းမှာ န၀မတန်း ကျောင်းဆောင်အပေါ်ထပ် ၀ရန်တာ ပြိုကျတဲ့အတွက် ကျောင်းသူ ၂၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

More News
Up