Home
မြန်မာသတင်း
လားရှိုးတွင် ခရီးသွားရာဇဝင်ထိန်ချန်ခဲ့သည့် ကိုဗစ်-၁၉ ပိုးတွေ့အမျိုးသမီး ၁ ဦး တရားစွဲခံရ
DVB
·
December 28, 2020
ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ခရီးသွားရာဇဝင်ကို မပြောဘဲ ထိန်ချန်ခဲ့တဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ အမျိုးသမီး တစ်ယောက်ဟာ ဆေးရုံမှာတက်ရောက် ဆေးကုသမှုခံယူပြီးနောက် တရားစွဲဆိုခံခဲ့ရတယ်လို့ အမှတ် (၁) လားရှိုးမြို့မရဲစခန်း က ပြောပါတယ်။ တရားစွဲဆိုခံရသူအမျိုးသမီးဟာ မန္တလေးဆေးရုံတက်ကုသခဲ့တဲ့ မိခင်ဖြစ်သူနဲ့ နို၀င်ဘာ ၂၅ ရက်နေ့မှာ ပြန်လာခဲ့ပြီး ကျန်းမာရေးစစ်ဆေးရေးဂိတ်ကို သတင်းမပို့ဘဲ လားရှိုးမြို့ ထဲဝင်ရောက်ခဲ့တဲ့အပြင် နိုဝင်ဘာ ၂၆ ရက်မှာ  မိခင်ဖြစ်သူသေဆုံးသွားခဲ့လို့ နာရေး ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာ ၆ ရက်နေ့က အဆိုပါ အမျိုးသမီးထံမှာလည်း ကိုဗစ်-၁၉ ရောပိုးတွေ့ခဲ့လို့ နာရေးသွားရောက်ခဲ့တဲ့ အိမ်ခြေပေါင်း ၆၂ အိမ်မှ လူဦးရေ ၂၄၅ ဦးကို Home Quarantine ထားရှိခဲ့ရပါတယ်။ ပိုးတွေ့ရှိခဲ့တဲ့ အဆိုပါအမျိုးသမီးဟာ  ဆေးရုံတက်ရောက်ခဲ့ပြီးနောက် ဒီဇင်ဘာ ၂၇ ရက်နေ့မှာ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီ ဥက္ကဋ္ဌက တရားလိုလုပ်တိုင်တန်းခဲ့တာ‌ကြောင့် လားရှိုးမြို့မရဲစခန်းမှာ သဘာဝဘေးစီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၅  နဲ့ အမှုဖွင့် အရေးယူခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၂၅  နဲ့ အရေးယူထားတဲ့ အမှု ၄ မှုရှိနေပါတယ်။ သတင်း - နန်းစပယ်  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024