တိုက်စစ်မှူး ဒီယေဂိုကော်စတာ အသင်းပြောင်းရွှေ့ခွင့်တောင်းခံ

322
အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂိုကော်စတာဟာ ဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ခွင့်ပြုဖို့ တင်ပြထားပါတယ်။
ရာသီအကုန်မှာ စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကော်စတာဟာ လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့မှာ တခြားကလပ်တစ်သင်းနဲ့ တရားဝင်ဆွေးနွေးခွင့်ရရှိမှာ ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ ကော်စတာဘက်က ဆန္ဒရှိနေပြီး အသင်းဆီကို တင်ပြထားတာ ဖြစ်ပါတယ်။
အသက် ၃၂ နှစ်ရှိ စပိန်တိုက်စစ်မှူးဟာ အခုနှစ်ရာသီမှာ လူစားဝင်ကစားခွင့် ၃ ကြိမ်သာ ရရှိခဲ့ပြီး လူးဝစ်ဆွာရက်ဇ်နဲ့ ဂျာအိုဖိလစ်တို့က ဦးစားပေးတိုက်စစ်မှူးတွေအနေနဲ့ ကစားခွင့် ရခဲ့ကြတာပါ။
အပြောင်းအရွှေ့ရေးရာ ကျွမ်းကျင်သူ တန်ခရီဒီပယ်မာရီကတော့ ကော်စတာဟာ လာမယ့် ဇန်နဝါရီမှာ အသင်းပြောင်းဖို့ ခွင့်တောင်းခဲ့ပြီးဖြစ်ကာ တခြားအသင်းတသင်းကို သေချာပေါက် ပြောင်းရွှေ့တော့မှာဖြစ်တယ်လို့ ပြောထားပါတယ်။