A d v e r t i s e m e n t With Us

ဆွာရက်ဇ်ကို ပြိုင်ဘက်အသင်းဆီရောင်းချခဲ့သည့်အပေါ် နားမလည်နိုင်ဟု မက်ဆီ ဖွင့်ဟ

ဆွာရက်ဇ်ကို ပြိုင်ဘက်အသင်းထံ ရောင်းချခဲ့တဲ့အပေါ်မှာ နားမလည်နိုင်အောင် ဖြစ်ခဲ့ရကြောင်း ဘာစီလိုနာတိုက်စစ်မှူး မက်ဆီက ပြောပါတယ်။  မက်ဆီဟာ အခုနှစ်ရာသီအစက အသင်းကနေ ထွက်ခွာချင်ခဲ့ပေမယ့် အဆင်မပြေခဲ့တာကြောင့် တစ်နှစ် ထပ်ကစားနေတာပါ။  ရာသီအစက အခြေအနေတွေနဲ့ပတ်သက်ပြီး လာဆက်တာနဲ့ အင်တာဗျူးအစီအစဉ်မှာ မက်ဆီက ပြန်လည်ပြောပြခဲ့တာဖြစ်ပြီး ဆွာရက်ဇ်ကို ထွက်ခွာခွင့်ပြုခဲ့တဲ့အပေါ် နားမလည်နိုင်ကြောင်း မက်ဆီက ထည့်သွင်းပြောခဲ့တာပါ။  လူးဝစ်ဆွာရက်ဇ်ဟာ အက်သလက်တီကို  ပြောင်းရွှေ့ကြေးအလွတ်နဲ့ ထွက်ခွာသွားတာဖြစ်ပါတယ်။ ဆွာရက်ဇ်ပြောင်းရွှေ့တဲ့ အသင်းကလည်း ဘာစီလိုနာနဲ့ တူညီတဲ့ ရည်မှန်းချက်တွေရှိတဲ့ အသင်း ဖြစ်တာကြောင့် မယုံကြည်နိုင်စရာကောင်းခဲ့တဲ့ ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ မက်ဆီက ဝေဖန်ခဲ့တာပါ။  မက်ဆီအနေနဲ့ လာမယ့်ရာသီမှာ ပီအက်စ်ဂျီနဲ့ မန်စီးတီးအသင်းတွေဆီ ပြောင်းရွှေ့နိုင်မလား ဆိုတဲ့ မေးခွန်းအပေါ်မှာတော့ လက်ရှိရာသီပြီးဆုံးအောင်ပဲ အရင်ဆုံး စဉ်းစားထားတယ်လို့ ပြောပါတယ်။  တချိန်မှာ အမေရိကန် မေဂျာလိဂ်မှာ ကစားချင်တယ်လို့လည်း မက်ဆီက ပြောခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up