Home
မြန်မာသတင်း
မြန်မာ့ ကျွဲ၊ နွားများ ထိုင်း-မြန်မာနယ်စပ်တွင် ပုံမှန်ထက်အရောင်းသွက်နေ
DVB
·
December 28, 2020
မြန်မာနိုင်ငံရဲ့ ပြည်ပတင်ပို့ကုန်တစ်ခုဖြစ်တဲ့  ကျွဲ၊ နွားတွေဟာ ဒီရက်ပိုင်းမှာ မဲဆောက်မြို့ နွားဈေးကွင်းမှာ ပုံမှန်ထက် အရောင်းသွက်နေတယ်လို့ ကျွဲ၊ နွားကုန်သည်တွေထံကနေ သိရပါတယ်။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ နွားဈေးကွင်းမှ လာရောက်တဲ့ မြန်မာ့ ကျွဲ၊ နွားတွေဟာ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်ကနေ ရောက်လာတာဖြစ်ပြီး ထိုင်းဘတ်ငွေဈေးမြင့်တက်လာတဲ့အတွက် မြန်မာ ကျွဲ၊ နွားကုန်သည်တွေ အဆင်ပြေနေတယ်လို့ ကုန်သည်တစ်ဦးက ပြောပါတယ်။ မဲဆောက်မြို့ နွားဈေးကွင်းအဟောင်းဟာ ၂၀၂၁ ခုနှစ် နှစ်သစ်ကူးကာလ သီတင်း ၄ ပတ်တိတိပိတ်မှာဖြစ်တာကြောင့်  ယာယီ နွားကွင်းမှာ ကျွဲ၊ နွားတွေကို အရောင်းအဝယ် ပြုလုပ်နေကြပါတယ်။ ပုံမှန်အားဖြင့် မြန်မာပြည်ကနေ တင်ပို့ရောင်းချတဲ့ ကျွဲ၊ နွား အကောင်ရေ တစ်ပတ်ကို ၃,၀၀၀ လောက် ရှိပြီး  ကိုဗစ်ကာလမှာ မြန်မာပြည်ကနေ သွားရောက်ရောင်းချတဲ့ ကျွဲ၊ နွား တစ်ပတ်ကို အကောင်  ၇,၀၀၀ မှ  ၁၀,၀၀၀ လောက်အထိ  တိုးမြှင့် ရောင်းချနေရတယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။ ထိုင်းနိုင်ငံကနေ တင်ပို့ရောင်းချတဲ့ မြန်မာ ကျွဲ၊ နွားတွေကို ထိုင်းနိုင်ငံမှ ၂ လ မှ ၄ လအထိ ဈေးနှုန်းပိုရအောင်  မွေးမြူကြသလို ကုန်သည်တချို့ကတော့ မလေးရှား၊ လာအိုနဲ့ တရုတ်နိုင်ငံကို ဆက်လက်ပို့ဆောင်ရောင်းချလေ့ရှိပါတယ်။  မြန်မာ- ထိုင်းနယ်စပ် မြဝတီ-မဲဆောက်မှာ ကျွဲ၊ နွားတွေအပြင် စားသုံးကုန်၊ အိမ်သုံးကုန်၊ ဆောက်လုပ်ရေးကုန်ကြမ်း၊ အလှပစ္စည်းနဲ့ ကျန်းမာရေးကုန်ပစ္စည်းတွေကို  ချစ်ကြည်ရေး တံတားအမှတ်(၂)မှာ  ပုံမှန်တင်ပို့ ရောင်းချနေပါတယ်။ သတင်း - ဖိုးစီ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024