မီဒီယာကမေးရင် ဖြေကြားရန် ၀န်ကြီးဌာနများကို သမ္မတ ပြော
ရွှေအောင်
·
September 2, 2013
ဝန်ကြီးဌာနတွေအနေနဲ့ မီဒီယာကို မကြောက်ကြဖို့ မီဒီယာတွေက မေးရင်ဖြေဖို့ သမ္မတ ဦးသိန်းစိန်က မှာကြားထားတယ်လို့ ဒီနေ့ပြုလုပ်တဲ့ စာနယ်ဇင်းကောင်စီနဲ့ သမ္မတတို့ တွေ့ဆုံပွဲမှာ သမ္မတက ထုတ်ဖော်ပြောကြားပါတယ်။
သမ္မတက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ) နဲ့ သမ္မတ ဦးသိန်းစိန်တို့ စက်တင်ဘာ ၁ ရက်က နေပြည်တော်ရှိ သမ္မတလယ်တောအိမ်မှာ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
စာနယ်ဇင်းကောင်စီဘက်က ကောင်စီသက်တမ်း ၁ နှစ်တာကာလအတွင်း လုပ်ဆောင်ချက်တွေ တင်ပြခဲ့ပြီး၊ သမ္မတကလည်း စတုတ္ထမဏ္ဍိုင်ကို သူ့အနေနဲ့ အလေးအနက်ထားတဲ့အကြောင်း ထပ်မံထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သမ္မတပြောခွင့်ရ ဦးရဲထွဋ်က ပြောပါတယ်။
ဦးရဲထွဋ်နဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။