မလေးရှားတွင် မြန်မာအလုပ်သမားအများစု အဖမ်းခံရ
ရွှေအောင်
·
September 1, 2013
စက်တင်ဘာ ၁ ရက်က မလေးရှားရဲနဲ့ ပူးပေါင်းအဖွဲ့တို့ မြိ့တော် ကွာလမ်လာပူမှာ နေရာ ၅ နေရာလောက်ခွဲပြီး မြန်မာအလုပ်သမားတွေကို ဖမ်းဆီးခဲ့ပါတယ်။
တခြား နိုင်ငံသားတွေပါ ဖမ်းတာဖြစ်ပေမယ့် အခု သူတို့ဖမ်းတဲ့ နေရာတွေဟာ မြန်မာအလုပ်သမားအများစု သွားလာလေ့ရှိတဲ့ နေရာတွေဖြစ်တာမို့ မြန်မာတွေ အဖမ်းခံရတာများပြီး မျက်မြင်တွေ့ရသလောက် အလုပ်သမား ၃၀၀ လောက် အဖမ်းခံခဲ့ကြရတယ်လို့ မလေးရှားကပုန်းနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းက ပြောပါတယ်။
လက်မှတ်အထောက်အထားရှိသူတွေရော မရှိသူတွေပါ အကုန်ဖမ်းတာလို့ ဆိုပါတယ်။
မြန်မာအလုပ်သမားတွေ ဖမ်းဆီးခံရမှု အခြေအနေနဲ့ပတ်သက်ပြီး ကပုန်းနာရေးအသင်းဥက္ကဋ္ဌ ကိုဆန်းဝင်းနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။