နာမည်ကျော် ဗြိတိန်သူလျှိုဟောင်း ဂျော့ချ်ဘလိတ်ခ် ကွယ်လွန်

နာမည်ကျော် ဗြိတိန်သူလျှိုဟောင်းနဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ တန်ပြန်ထောက်လှမ်းရေး သူလျှို ဂျော့ချ်ဘလိတ်ခ်ဟာ အသက် ၉၈အရွယ်မှာ ဒီဇင်ဘာ ၂၆ ရက်က ကွယ်လွန်သွားတယ်လို့ ရုရှား နိုင်ငံခြား ထောက်လှမ်းရေးအေဂျင်စီ SVR ကို ကိုးကားပြီး ရုရှားအစိုးရမီဒီယာ ရီယာက ဖော်ပြပါတယ်။ ဘလိတ်ခ်ဟာ ၁၉၅၀ ပြည့်လွန်နှစ်တွေက အရှေ့ဥရောပတလွှားမှာ အနောက်ဥရောပ သူလျှိုရာချီရဲ့ အထောက်အထားတွေကို ဖော်ထုတ်ခဲ့လို့ သူ့ရဲ့သစ္စာဖောက်မှုကြောင့် တချို့ သေဒဏ်ပေးခံရတယ်လို့ ဗြိတိန်အစိုးရက ပြောပါတယ်။ ဘလိတ်ခ်ရဲ့ အမှုဟာ ကိန်းဘရစ်ချ်ငါးဖော်လို့ သိကြတဲ့ ဗြိတိန် တန်ပြန်ထောက်လှမ်းရေး ကွန်ရက်နဲ့အတူ စစ်အေးခေတ်ရဲ့ အဆိုးဆုံးနာမည်တွေထဲမှာ ပါခဲ့တာပါ။ ၁၉၆၁ မှာ ဆိုဗီယက်သူလျှို ဖြစ်ကြောင်း ပေါ်သွားအပြီး ဘလိတ်ခ်ဟာ လန်ဒန်က လန်ဒန်က ဝါမ်းဝုဒ် စခရပ်ဘ် ထောင်ထဲမှာ ၄၂ နှစ်ကြာ ပြစ်ဒဏ်ကျခံဖို့ စီရင်ခံရပါတယ်။ ဒါပေမဲ့ ၁၉၆၆ မှာ တခြားထောင်သားတွေနဲ့ ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူ ၂ ယောက်တို့ရဲ့ အကူအညီနဲ့ ထွက်ပြေး လွတ်မြောက်ခဲ့ပြီး ဗြိတိန်နိုင်ငံထဲကနေ သူ့ကို ခိုးထုတ်ခဲ့ကြပါတယ်။ ဘလိတ်ခ်ဟာ အနောက်ဥရောပနဲ့ အရှေ့ဘာလင်ကို အောင်အောင်မြင်မြင် ခိုးထွက်နိုင်ခဲ့ပြီး သူ့ဘဝတလျှောက်လုံး ရုရှားမှာ နေထိုင်ခဲ့ပါတယ်။ သူ့ကို ရုရှားမှာ သူရဲကောင်းအဖြစ် ကြိုဆိုခဲ့ကြတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up