အမေရိကန်တွင် ပစ်ခတ်မှုကြောင့် ၃ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရ

407
အမေရိကန်နိုင်ငံ၊ အီလီနွိုက်ပြည်နယ်မြောက်ပိုင်း၊ ရော့ခ်ဖို့ဒ်မြို့က ဘိုးလင်းလမ်းကြားမှာ ဒီဇင်ဘာ ၂၆ ရက် ညက ပစ်ခတ်မှုကြောင့် လူ ၃ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့က ပြောပါတယ်။
ရော့ခ်ဖို့ဒ် ရဲစခန်းမှူး ဒန်အိုရှီယာက “သေနတ်ဒဏ်ရာရသူ ၃ ယောက်ကို ဒေသန္တရဆေးရုံဆီ တင်ပို့ထားတယ်။ သံသယရှိသူ တယောက်ကို ထိန်းသိမ်းထားတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ပစ်ခတ်ရတဲ့ အကြောင်းရင်းကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးဘဲ စုံစမ်းစစ်ဆေးသူတွေကတော့ မရည်ရွယ်ဘဲ တိုက်ခိုက်မှုသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။