A d v e r t i s e m e n t With Us

ကိုဗစ်ကပ်ဘေးထောက်ပံ့ရေး ၂ ဒသမ ၃ ထရီလီယံ အစီအစဉ်ကို သမ္မတထရမ့် လက်မှတ်ထိုးရန် ဘိုင်ဒင် တိုက်တွန်း

ကိုဗစ်-၁၉ ကပ်ရောဂါဘေး ထောက်ပံ့ရေး အမေရိကန်ဒေါ်လာ ၂.၃ ထရီလီယံ အစီအစဉ်ကို ဥပဒေအဖြစ် အသက်သွင်းရေး ချက်ချင်းလက်မှတ်ထိုးဖို့ အမေရိကန် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒင်က လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်ကို ဒီဇင်ဘာ ၂၆ ရက်က ဆော်သြလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ လူတွေကို နေ့တိုင်း ကူညီဖို့ မလုံလောက်ဘူးလို့ ပြောပြီး သမ္မတထရမ့်က လက်မှတ်ထိုးဖို့ ငြင်းနေတာပါ။  ဒီတာဝန်ကို လျစ်လျူရှုတာဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ရလဒ်တွေကို ဖြစ်စေတယ်၊ ဒီဥပဒေမူကြမ်းက အရေးကြီးတယ်။ အခုကို ဥပဒေအဖြစ် လက်မှတ်ထိုးဖို့ လိုတယ်” ဘိုင်ဒင်က ဇာတိမြေ ဒယ်လာဝဲပြည်နယ်ကနေ ကြေညာချက် ထုတ်ပြန်ပါတယ်။ သန်းချီတဲ့ အမေရိကန်နိုင်ငံသားတွေ အလုပ်လက်မဲ့ အကျိုးခံစားခွင့်ရမယ့် ဥပဒေ မူကြမ်းဟာ စနေနေ့မှာ လက်မှတ်မထိုးရင် သက်တမ်းကုန်မှာပါ။ သမ္မတ ထရမ့်သာ လက်မှတ်ထိုးမပေးခဲ့ပါက အမေရိကန် ပြည်သူ ၁၄ သန်းဟာ ခံစားခွင့်တွေကို ဆုံးရှုံးလိမ့်မယ်လို့ အလုပ်သမားဌာန သတင်းအချက်အလက်တွေက ဆိုပါတယ်။  အစိုးရ ရန်ပုံငွေထဲကနေ ခဏ ယူသုံးတာကို အောက်လွှတ်တော်က အင်္ဂါနေ့မတိုင်ခင် သဘောတူမပေးခဲ့ရင် အဲဒီနေ့ကစပြီး အစိုးရအဖွဲ့ တစိတ်တပိုင်း ပိတ်တာကို စတင်မှာပါ။  အမေရိကန်နိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ကပ်ဘေးကြောင့် လူ ၃၃,၀၀၀ နီးပါး သေဆုံးခဲ့ပြီး လတ်တလော ရက်တွေမှာ တရက်အတွင်း ကူးစက်ခံ သေဆုံးနှုန်းက ပျမ်းမျှ လူ အယောက် ၃,၀၀၀ ကျော်နေပါတယ်။ ဥပဒေမူကြမ်းမှာပါတဲ့ အကူအညီတွေက အင်မတန်နည်းလွန်းပေမယ့် ချက်ချင်း ထောက်ပံ့တဲ့ အစီအစဉ်ကတော့ လိုအပ်ပြီး ကြိုဆိုတယ်လို့ စီးပွားရေးပညာရှင် အများအပြားက သဘောတူထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up