A d v e r t i s e m e n t With Us

ဒီနေ့ပွဲကတော့ ကျနော်တို့အတွက် အောင်ပွဲကြီးပါပဲ – အာဆင်နယ်နည်းပြ အာတီတာ

ဘောက်ဆင်ဒေးနေ့မှာ ချဲလ်ဆီးအသင်းကို အနိုင်ရရှိခဲ့တာက အသင်းပရိသတ်တွေအတွက် အားတက်စရာဖြစ်စေဖို့ မျှော်လင့်တယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။  အသင်းရဲ့ ပရီးမီးယားလိဂ်ခြေစွမ်းကြောင့် အသင်းပရိသတ်တွေ စိတ်ပျက် ခံစားနေရတာကိုလည်း သိရှိထားတယ်လို့ အာတီတာက ဝန်ခံပါတယ်။  ချဲလ်ဆီးနဲ့ပွဲမတိုင်ခင် အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲပျောက်ဆုံးခဲ့တဲ့ ကာရာဘောင်းပြိုင်ပွဲမှာလည်း မန်စီတီးအသင်းရဲ့ ဖြုတ်ချတာ ခံခဲ့ရပါတယ်။  ဒါပေမဲ့ အာတီတာရဲ့ ဂန်းနားတပ်သားတွေဟာ မြို့ခံပြိုင်ဘက်နဲ့ပွဲမှာ ရလဒ်ဆိုးတွေကို အဆုံးသတ်နိုင်ခဲ့ပြီး လာကာ၊ ရှာကာ၊ ဆာကာတို့ရဲ့ သွင်းဂိုးတွေကြောင့် ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ဒါဟာ နိုဝင်ဘာ ၁ ရက်နေ့နောက်ပိုင်း အာဆင်နယ်အသင်းအတွက် ပထမဆုံး အိမ်ကွင်းနိုင်ပွဲလည်း ဖြစ်ပါတယ်။ ရလဒ်တွေကြောင့် ရာထူးအတွက်ပါ မေးခွန်းထုတ်ခံခဲ့ရတဲ့ အာတီတာဟာ ချဲလ်ဆီးအသင်းနဲ့ပွဲမှာ မဖြစ်မနေ အနိုင်ရရှိဖို့ လိုအပ်ခဲ့တာဖြစ်ပြီး ကစားသမားတွေကလည်း လိုအပ်နေတဲ့ အနိုင်ရလဒ်တွေကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။  ဒါ့ကြောင့် အာဆင်နယ်အသင်းဟာ အခုနိုင်ပွဲကို ပရီးမီးယားလိဂ်မှာတင်မဟုတ်ဘဲ ပရိသတ် အတွက်ပါ အလှည့်အပြောင်းတစ်ခုအဖြစ် အသုံးချပြီး ရလဒ်ဆိုးတွေကနေ ရုန်းထွက်ဖို့ မျှော်လင့်ထားပါတယ်။ အာတီတာက “ဒီရလဒ်က ဒီနေ့ပွဲအတွက်အ ရေးကြီးဆုံးအရာပါ။ ကျနော်တို့အတွက် နိုင်ပွဲက သေချာပေါက် လိုအပ်ခဲ့ပါတယ်။ အသင်းရဲ့ ပြီးခဲ့တဲ့သီတင်းပတ် ၈ ခုက ရလဒ်တွေကြောင့် ကျနော်တို့ စိတ်ပျက်ဒေါသထွက်ခဲ့ရပြီး ဒီနေ့ပွဲကတော့ ကျနော်တို့အတွက် အောင်ပွဲကြီးပါပဲ။ ပွဲသိမ်းခရာမှုတ်ချိန်မှာ ကျနော်တို့အသင်းသားတွေရဲ့ စွမ်းအင်၊ အရှုံးသံသရာက ရုန်းထွက်လိုစိတ်နဲ့၊ အနိုင်ရလိုစိတ်တွေကို မြင်တွေ့ခဲ့ရပါတယ်။ ပွဲမစခင်ကတည်းက အသင်းသားတွေဟာ အနိုင်ရဖို့ကိုပဲ လိုချင်ခဲ့ကြတာပါ။ ဒါ့ကြောင့် ကစားသမားတွေနဲ့ ပရိသတ်တွေအတွက် ဝမ်းသာမိပါတယ်။ ကျနော်တို့ ပရိသတ်တွေကို သီတင်းပတ်ပေါင်းများစွာ စိတ်ပျက်အောင် လုပ်ခဲ့ကြတာပါ” လို့ အာတီတာက ဘီဘီစီသတင်းကို ပြောပါတယ်။  စနေနေ့နိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၄ နေရာကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ ထိပ်ဆုံးလေးသင်းနဲ့ အမှတ်ကွာဟချက်ကတော့ ၁၀ မှတ်အထိ ရှိနေဆဲပါ။

A d v e r t i s e m e n t With Us

More News
Up