ဥရောပနိုင်ငံများသို့ ဖိုင်ဇာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ရောက်ရှိ

273
အမေရိကန်ကုမ္ပဏီ ဖိုင်ဇာထုတ် ကိုဗစ်-၁၉ ကာကွယ်ဆေးတွေဟာ ဒီဇင်ဘာ ၂၆ ရက်က အီတလီ၊ ပြင်သစ်၊ ဂျာမနီ၊ စပိန်နဲ့ ဂရိ စတဲ့ ဥရောပနိုင်ငံတွေဆီ ပထမဆုံးအသုတ်အနေနဲ့ ရောက်ရှိလာပါတယ်။
ပထမအသုတ် ကိုဗစ်ကာကွယ်ဆေး အလုံးရေ ၉၇၅၀ ဟာ အီတလီနိုင်ငံ ရောမမြို့က စပယ်လန်ဇာနီ ဆေးရုံကို ရောက်ရှိလာပြီး ဒီဇင်ဘာ ၂၇ ရက်မှာ စတင်ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
အလားတူ ပြင်သစ်မြို့တော် ပဲရစ်ဟာလည်း ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ကို လက်ခံ ရရှိခဲ့ပါတယ်။
အဲဒီကာကွယ်ဆေးလုံးရေ ၂၀,၀၀၀ နီးပါးဟာ ဘယ်ဂျီယံကနေ တိုက်ရိုက်လာတာ ဖြစ်ပါတယ်။
ကိုဗစ်ကာကွယ်ဆေး ပထမအသုတ်ဟာ ဂရိမြို့တော် အေသင်ဆီကို အပူထိန်းကုန်ကားနဲ့ ဒီဇင်ဘာ ၂၆ ရက်မှာ ရောက်လာပါတယ်။
ကိုဗစ်ကာကွယ်ဆေးလုံးရေ ၉,၇၅၀ ကို ကုန်ကားကချပြီး ဆေးဝါးသိုလှောင်ရေးဂိုဒေါင်မှာ ထားရှိတယ်လို့လည်း ရိုက်တာသတင်းမှာ ဖော်ပြပါတယ်။