မြောက်ကိုရီးယားခေါင်းဆောင်၏ ရည်စားဟောင်း ကွပ်မျက်ခံရဟုဆို

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ရည်းစားဟောင်း မြောက်ကိုရီးယား အဆိုတော် ဟိုင်ဆောင်းဝိုးကို လိင်စိတ်နိုးဆွတဲ့ ဗွီဒီယို ရိုက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  အရင်တပတ်က ကွပ်မျက်လိုက်တယ်လို့ တောင်ကိုရီးယား သတင်းစာတစောင်မှာ ဩဂုတ် ၂၉ ရက်နေ့က ဖော်ပြပါတယ်။ ဟိုင်ဆောင်းဝိုး အပါအ၀င် စုစုပေါင်း အနုပညာရှင် ၁၂ ဦးတို့ဟာ မြောက်ကိုရီးယားရဲ့ ဥပဒေကို ချိုးဖောက်ပြီး “လိင်စိတ်နိုးဆွး”တဲ့ ဗွီဒီယို အခကြေးငွေယူပြီး ရောင်းစားခဲ့တယ်လို့ စွပ်စွဲခံရပြီး ကွက်မျက်ခံရတယ်လို့ ဆိုပါတယ်။ အဆိုတော် ဟိုင်ဆောင်ဝိုး နဲ့ ကင်ဂျုံအန်းတို့ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်က ချစ်သူတွေ ဖြစ်ခဲ့ပေမယ့် အဲဒီတုန်းက ကင်ဂျုံအန်းရဲ့ ဖခင်က သဘောမတူတဲ့အတွက် သူတို့ နှစ်ယောက်ကို ခွဲခဲ့တယ်လို့ သတင်းက ဆိုပါတယ်။ ဟိုင်းဆောင်ဝိုးရဲ့ မိသားစုနဲ့ အဲဒီ လိင်စိတ်နှိုးဆွတဲ့ ဗွီဒီယိုမှာ ပါတဲ့ လူတွေကို အလုပ်ကြမ်း စခန်းတွေကို ပို့ထားတယ်လို့ အမည်မဖော်လိုသူကို ကိုးကားပြီး တောင်ကိုရီးယား သတင်းစာမှာ ဖော်ပြထားပါတယ်။

More News
Up