မလေးရှားက တရားမ၀င်နေထိုင်သူတွေ ပြန်ပို့မယ်

မလေးရှားအစိုးရက တရားမ၀င်နိုင်ငံခြားသားအလုပ်သမားတွေကို လာမယ့်စက်တင်ဘာ (၁) ရက်ကစလို့ စီမံချက်နဲ့ ဖမ်းဆီးပြန်ပို့မယ်လို့ ထုတ်ပြောထားပါတယ်။ မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းချီပြီး တရားဝင်လမ်းကြောင်းအရရော၊ တရားမ၀င်လမ်းကြောင်းကပါ သွားရောက်လုပ်ကိုင်နေကြတာမို့ တရားမ၀င်လုပ်သားတွေ ဖမ်းဆီးခံရမယ့်အရေး ကြုံနေရပါတယ်။ ပထမဆုံး လူငါးသောင်းလောက် ဖမ်းဆီးပြန်ပို့မယ်လို့ သတင်းတွေထွက်နေတာနဲ့ ပတ်သက်လို့  မလေးရှားအခြေစိုက် မြန်မာသံရုံးနဲ့ နီးစပ်တဲ့ ကိုသီဟနဲ့ ဆက်သွယ်မေးမြန်းထားတာကို အသံဖိုင်မှာ နားဆင်နိုင်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up