ကာမိုင်းမြို့တွင် တနေ့တည်း ငလျင် ၄ ကြိမ်လှုပ်ခတ်
DVB
·
December 25, 2020
ကချင်ပြည်၊ ကာမိုင်းမြို့မှာ ဒီဇင်ဘာ ၂၄ ရက်က တနေ့တည်း မြေငလျင် ၄ ကြိမ်လှုပ်ခတ်ခဲ့တယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၄ နာရီ၊ ၃၉ မိနစ်၊ ၄၈ စက္ကန့်အချိန်မှာ ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၅.၀ အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှုပ်ခဲ့ပါတယ်။
အလားတူ ညနေ ၁၇ နာရီ၊ ၅၁ မိနစ်၊ ၂၃ စက္ကန့် အချိန်ကလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ အနက် ၁၂ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၃.၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခဲ့ပါတယ်။
ဒီဇင်ဘာ ၂၄ ရက်ည ၁၉ နာရီ ၁၇ မိနစ်၊ ၁၄ စက္ကန့်မှာလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၉ မိုင်ခန့်အကွာ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၆ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်လှုပ်ခဲ့ပါတယ်။
အလားတူ ည ၂၁ နာရီ၊ ၄၃ မိနစ်၊ ၅၁ စက္ကန့်အချိန်မှာလည်း ကာမိုင်းမြို့ရဲ့ အရှေ့မြောက်ဘက် ၈ မိုင်ခန့်အကွာ အနက် ၈ ကီလိုမီတာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄.၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။