Home
မြန်မာသတင်း
မောင်တောအကြမ်းဖက်မှုအတွင်း အိမ်မီးရှို့ခံရပြီး နေရပ်မစွန့်သူများကို မူလနေရာပြန်ချပေးမည်
DVB
·
December 24, 2020
၂၀၁၇ ခုနှစ် မောင်တော အကြမ်းဖက်မှုဖြစ်စဥ်အတွင်း နေအိမ်တွေ မီးလောင်ပျက်စီးပြီး နေရပ်မစွန့်ခွာဘဲ ဆွေမျိုးတွေအိမ်မှာ နေထိုင်သူတွေကို မူလနေရာမှာ ပြန်လည်နေရာချပေးသွားမယ်လို့  သိရပါတယ်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်က "ဟုတ်တယ်။ နေအိမ် ၅၀၀ ခန့်လောက်ဆောက်လုပ်နေရာချပေးသွားဖို့ရှိတယ်။ ၂၀၁၇ ခုနှစ်ဖြစ်စဥ်မှာ နေအိမ်တွေ မေးလောင်သွားခဲ့ပေမဲ့ ကျေးရွာတွေ မပျက်စီးဘူး။ သူတို့ကလည်း နေရပ်မစွန့်ခွါဘဲ ဆွေမျိုးနေအိမ်တွေမှာ နေထိုင်နေကြသူတွေကို သူတို့ရဲ့ ယခင်နေထိုင်ခဲ့တဲ့ မူလနေရာတွေမှာ နေအိမ်တွေဆောက်ပြီး ပြန်လည်နေရာချပေးသွားမယ်" လို့ ပြောပါတယ်။ တည်ဆောက်ပေးသွားမယ့်နေရာတွေကတော့ မောင်တောမြို့ပေါ်ရှိ ရပ်ကွက် ၅ မီးလောင်ပြင်၊ သီဟိုကျွန်ကျေးရွာ၊ ကျောက်လှေကားကျေးရွာ၊ အလယ်သံကျော်ကျေးရွာ၊ပ ဒင်းကျေးရွာ၊ ကျားခေါင်းတောင်ကျေးရွာ၊ သဲချောင်းကျေးရွာ၊ ကျွန်းပေါက်ပြုစုကျေးရွာ စတဲ့ ကျေးရွာတွေက နေအိမ် ၅၀၀ ခန့်တည်ဆောက်ပြီး ပြန်လည်နေရာချပေးသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကလည်း မောင်တောတောင်ပိုင်း ပဒင်းကျေးရွာကနေအိမ် ၅၈ အိမ်၊  ညောင်ချောင်း ကျေးရွာက  ၃၂ အိမ်နဲ့ မောင်တောမြို့နယ်မြောက်ပိုင်း ကျောက်လှေကားကျေးရွာက နေအိမ် ၁၃၉ အိမ်၊ စုစုပေါင်း နေအိမ် ၂၂၉ အိမ်အား ပြန်လည်ပြုပြင်နိုင်ဖို့ အစိုးရက နေအိမ်တစ်လုံးကို ထောက်ပံ့ငွေ ၂၅၂,၅၀၀ ကျပ်နဲ့ ပျက်စီးမူနည်းတဲ့ နေအိမ်တစ်လုံးကို ၁၂၂,၅၀၀ ကျပ်စီ ထောက်ပံ့ပေးပေးအပ်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် မောင်တောဒေသအကြမ်းဖက်ဖြစ်စဥ်ကြောင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးတိမ်းရှောင်သွားသူ ၆ သိန်းနီးပါရှိပြီး ၂၀၂၀ ဒီဇင်ဘာ ၂၄ ရက်အထိ မိမိဆန္ဒအလျှောက် ဝင်ရောက်လာသူ ၇၀၀ လောက်ရှိနေတယ်လို့ သိရပါတယ်။ လင်းလက်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024