A d v e r t i s e m e n t With Us

ကိုဗစ်ကပ်ရောဂါကင်းစင်သည့် ကမ္ဘာ့နောက်ဆုံးနေရာ အန္တာတိကတိုက်၌ ကူးစက်မှုဖြစ်ပွား

ကိုဗစ်-၁၉ ကပ်ရောဂါကင်းစင်တဲ့ ကမ္ဘာ့နောက်ဆုံး နေရာဖြစ်တဲ့ အန္တာတိကတိုက်မှာ ကိုရိုနာ ဗိုင်းရပ်စ်ရောက်လာခဲ့ပြီလို့ ချီလီစစ်တပ်က ဒီသီတင်းပတ်ထဲမှာ ပြောပါတယ်။ သမုဒ္ဒရာနဲ့ ရေခဲတောင်ကြီးတွေ ပတ်လည်ဝိုင်းနေတဲ့ ဝေးလံသီခေါင်တဲ့ သုတေသနစခန်းက ဝန်ထမ်းတွေကို ရောဂါခြေချုပ်နဲ့ ထားဖို့နဲ့ စခန်းကနေ ထွက်သွားနိုင်ဖို့ စစ်တပ်နဲ့ ကျန်းမာရေး အရာရှိတွေ အရေးပေါ် ချက်ချင်း ကြိုးစားနေကြပါတယ်။ ဘာနာဒို အိုဟစ်ဂင် အခြေစိုက်စခန်းမှာ စစ်တပ်အရာရှိ ၂၆ ယောက် နဲ့ စခန်းမှာ ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းတွေ လုပ်နေတဲ့ အရပ်သား ဆယ်ယောက် အပါအဝင် လူ ၃၆ ယောက်ထက် မနည်း ကူးစက်ခံထားရတယ်လို့ ချီလီစစ်တပ်က ပြောပါတယ်။ အမြဲတမ်း ဝန်ထမ်းတွေ ခန့်ထားတဲ့ သုတေသနစခန်းကို ချီလီစစ်တပ်က ကြီးကြပ်နေပြီး ချီလီကျွန်းဆွယ် တောင်ဘက်စွန်းအနားက အန္တာတိကတိုက် မြောက်ဘက်စွန်းမှာ ရှိပါတယ်။  ဒီစခန်းဟာ လတ်တလောလတွေအတွင်း ဗိုင်းရပ်စ်ကင်းစင်အောင် ခရီးသွားလုပ်ငန်းတွေကို ဖျက်သိမ်းပြီး လှုပ်ရှားမှုတွေ၊ ဝန်ထမ်းတွေ လျော့ချရင်း ပံ့ပိုးမှုအင်္ဂါရပ်တွေကိုလည်း ပိတ်ထားခဲ့သေးတာပါ။ အန္တာတိကတိုက်က သုတေသနစခန်း ၃၈ ခုထဲက လူ အယောက်တထောင်လောက်ဟာ တောင်ကမ္ဘာခြမ်းက ဆောင်းရာသီကို ဘေးကင်းကင်း စောင့်ကြည့်နိုင်ခဲ့ပေမယ့် နွေဦးရာသီနဲ့ နွေရာသီအစောပိုင်းမှာ ဒေသတွင်း အသွားအပြန် ခရီးထွက်တာတွေ ရှိခဲ့တာကြောင့် ခုလို ကူးစက်ခံရတာလို့ ဗြိတိသျှ အန္တာတိက စစ်တမ််အဖွဲ့ သုတေသီတွေက ခန့်မှန်းပါတယ်။ နိုဝင်ဘာ ၂၇ ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ အန္တာတိက ဒေသအတွင်း ခုတ်မောင်းခဲ့တဲ့ သင်္ဘောပေါ်က သင်္ဘောသား ၂၀၈ ယောက်ထဲမှာလည်း ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်ခံရသူ ၃ ယောက်ကို တွေ့ခဲ့တယ်လို့ ချီလီရေတပ်က‌ ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up