စတုတ်စီးတီးနှင့်ပွဲ၌ လူစားလဲခံရသူ အယ်လီ စပါးအသင်းကနေ ထွက်ဖွယ်ရှိ

184
စတုတ်စီးတီးနဲ့ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် ဒေါသပေါက်ကွဲခဲ့တဲ့ အယ်လီဟာ စပါးအသင်းကနေ ထွက်ခွာဖို့ နီးစပ်လာပါတယ်။
အယ်လီဟာ စပါးအသင်းမှာ ပွဲထွက်ခွင့်ပျောက်ဆုံးနေသူဖြစ်ပြီး စတုတ်စီးတီးနဲ့ပွဲမှာတော့ ပွဲထွက်ကစားသမား ၁၁ ဦး စာရင်းမှာ ပါဝင်ပွဲထွက်ခွင့်ရခဲ့ပါတယ်။
၁ ဂိုးစီသရေကျ နေချိန် ပွဲချိန် ၆၆ မိနစ်မှာ နည်းပြ မော်ရင်ဟိုက အယ်လီကို အဲရစ်လာမီလာ နဲ့ လူစားလဲခဲ့တာဖြစ်ပါတယ်။
လူစားလဲခံရပြီးချိန် ကွင်းဘေးစည်းနားမှာ အယ်လီက ရေဘူးတွေကို ခြေထောက်နဲ့ ကန်ခဲ့ပြီး မော်ရင်ဟိုကလည်း လှမ်းပြီး ကြည့်နေတာကိုတွေ့ရပါတယ်။
ပွဲကြည့်စင်မှာလည်း စိတ်ပျက်လက်ပျက်နဲ့ ထိုင်နေခဲ့တဲ့ အယ်လီဟာ လာမယ့်အပြောင်း အရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ နီးစပ်နေသူပါ။
ပီအက်စ်ဂျီအသင်းက ခေါ်ယူလိုနေပြီး လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့မှာ စတင်ကမ်းလှမ်းဖို့ ရှိနေပါတယ်။