မိုင်းလားတွင် မြေပြို၊ ကားလမ်းပျက်စီး
DVB
·
August 29, 2013
ရှမ်းပြည်အရှေ့ပိုင်း မိုင်းလား - ကျိုင်းတုံသွား ကားလမ်းပေါ်က ၀မ့်ရှို့ရွာအနီးမှာ ဩဂုတ်လ ၂၇ ရက်နေ့ ညပိုင်းက မြေပြိုမှုဖြစ်ပွားပြီး မောင်းနှင်လာတဲ့ကားတစီး ကျွံကျသွားခဲ့ပါတယ်။
အဲဒီလမ်းဟာ ၂ ပိုင်းကျိုးပြတ်ပြီး အနီးနား နမ့်မ ချောင်းထဲက ရေတွေ ၀င်လာတဲ့အတွက် ယာဉ်အသွား အလာတွေ ပြတ်တောက်သွားခဲ့ပါတယ်။ သက်ဆိုင်ရာတာဝန်ရှိသူက တခြားမြေ လမ်းတခု ပြန်ဖွင့်ပေးတဲ့အတွက် ဩဂုတ်လ ၂၈ ရက်နေ့ ည ၇ နာရီကျော်လောက်ကစပြီး ပုံမှန်သွားလာနိုင်ပြီဖြစ်ကြောင်း၊ ကျွံကျသွားတဲ့ယာဉ်ကိုလည်း မနေ့က ဆွဲတင်နိုင်ခဲ့ပြီး ဒဏ်ရာရသူ တဦးတယောက်မှ မရှိဘူးလို့ မိုင်းလားဒေသခံက ပြောပါတယ်။ (ဓာတ်ပုံ - မိုင်းလားဒေသခံ) Read more