၂၀၁၃ ခုနှစ်တွင် မန်ယူနည်းပြရာထူးအတွက် ဖာဂူဆန်က အန်စလော့တီနှင့် ဆွေးနွေးခဲ့

Nov 14th 2015 - Manchester, UK - UNICEF MATCH OLD TRAFFORD -
Unicef Charity match at Old Trafford Ferguson ancelotti
PIcture by Ian Hodgson/Daily Mail
324
ယူနိုက်တက်နည်းပြဟောင်း ဆာအဲလက်စ်ဖာဂူဆန်ဟာ သူ အသင်းကမထွက်ခင်မှာ နည်းပြအန် စလော့တီကို ခန့်အပ်ဖို့ စကားပြောခဲ့တယ်လို့ သိရပါတယ်။
လက်ရှိ အဲဗာတန်အသင်းနည်းပြအဖြစ် တာဝန်ယူနေတဲ့ အီတလီနည်းပြ အန်စလော့တီကိုယ်တိုင် ဝန်ခံပြောပြခဲ့တာပါ။
၂၀၁၂-၂၀၁၃ ရာသီအကုန်မှာ နည်းပြဖာဂူဆန်က အသင်းကနေ ထွက်ခွာဖို့ဆုံးဖြတ်ပြီးတော့ အန်စလော့တီနဲ့ အစားထိုးဖို့ ဆွေးနွေးခဲ့တာပါ။
အဲဒီအချိန်မှာ နည်းပြအန်စလော့တီက ရီးရဲလ်မက်ဒရစ်နဲ့ သဘောတူညီမှုရပြီး ဖြစ်တာကြောင့် ဖာဂူဆန်ရဲ့ ကမ်းလှမ်းချက်ကို လက်မခံခဲ့တာဖြစ်ပြီး ဖာဂူဆန်ရဲ့ ကမ်းလှမ်းချက်အပေါ် ဂုဏ်ယူအသိအမှတ်ပြုကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
မန်ယူအသင်းဟာ အန်စလော့တီနဲ့ အဆင်မပြေခဲ့တဲ့နောက်မှာ စကော့တလန်နည်းပြ ဒေးဗစ်မိုယက်စ်ကို ခန့်အပ်ခဲ့တာပါ။
နည်းပြကြီးဖာဂူဆန်ဟာ ၂၀၁၅ ခုနှစ်မှာလည်း အန်စလော့တီကို ခန့်အပ်ဖို့ နောက်တစ်ကြိမ်စကား ပြောခဲ့ဖူးတယ်လို့ သိရပါတယ်။
အန်စလော့တီရဲ့ အဲဗာတန်အသင်းဟာ ဒီကနေ့ညမှာ ကာရာဘောင်ပွဲစဉ်အဖြစ် မန်ယူအသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။