ကိုဗစ်ကပ်ဘေး ကူညီရေးအတွက် ဒေါ်လာ ၈၉၂ ထရီလီယံ အသုံးပြုရန် အမေရိကန် အတည်ပြု

အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့က ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ကူညီရေး အစီအစဉ်အတွက် အမေရိကန် ဒေါ်လာ ၈၉၂ ဘီလီယံသုံးဖို့ ဒီဇင်ဘာ ၂၁ ရက်မှာ အတည်ပြုပေးလိုက်ပါတယ်။ အမေရိကန်အစိုးရမှာ နောက်တနှစ်အတွက် ရန်ပုံငွေ ဆက်ရှိစေရေး အမေရိကန်ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ သုံးခွင့်ပေးဖို့ကိုလည်း အောက်လွှတ်တော်က မဲပေး ဆုံးဖြတ်ခဲ့ပါတယ်။ ကပ်ဘေးသက်သာရေး ဥပဒေမူကြမ်းဟာ သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးပြီးခဲ့ရင် ဥပဒေ ဖြစ်လာမှာပါ။ ဒီဥပဒေအရ ပြည်သူအများစုက ကပ်ဘေးသက်သာရေး အမေရိကန်ဒေါ်လာ ၆၀၀ စီကို ရမှာဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါ ကပ်ဘေးအတွင်း အလုပ်အကိုင် ဆုံးရှုံးခဲ့ကြတဲ့ သန်းချီတဲ့ ပြည်သူတွေကို နောက်ထပ် ငွေကြေးထောက်ပံ့ပေးဦးမယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။ ဒီဥပဒေမူကြမ်းကို သမ္မတထရမ့်က လက်မှတ်ထိုးမယ်လို့လည်း အိမ်ဖြူတော်က ပြောပါတယ်။  လာမယ့် စက်တင်ဘာထိ ကာလတလျှောက် ပြည်ထောင်စုအစီအစဉ်တွေရဲ့ အခင်းအကျင်း အတွင်း အမေရိကန် ဒေါ်လာ ၁ ဒသမ ၄ ထရီလီယံ သုံးမယ့် ကျယ်ကျယ်ပြန့်ပြန့် ရေးဆွဲထားတဲ့ ဥပဒေမူကြမ်းထဲမှာ စာမျက်နှာ ၅,၅၉၃ မျက်နှာ ပါရှိပါတယ်။ ဒါဟာ ဇန်နဝါရီ ၃ ရက်မှာ သက်တမ်းကုန်မယ့် အောက်လွှတ်တော်ရဲ့ ၁၁၆ ကြိမ်မြောက် အစည်းအဝေးအတွက် နောက်ဆုံးအကြီးစား ဥပဒေပြုမှုလည်း ဖြစ်ပါတယ်။ အမေရိကန်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကို နေ့စဉ် ပျမ်းမျှ လူပေါင်း ၂၁၄,၀၀၀ လောက် ကူးစက်ခံနေရကာ နိုင်ငံသား ၃၁၇,၀၀၀ ကျော် သေဆုံးခဲ့ပြီး စီးပွားရေး နာလန်ထမှုလည်း နှေးကွေးနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up