Home
မြန်မာသတင်း
ကိုဗစ်ဖြစ်ပြီးသူများ ထပ်ဖြစ်နိုင်၊ နောက်ဆက်တွဲရောဂါများ ခံစားရနိုင်၍ မပေါ့ဆရန် သတိပေး
သူဇာလင်း
·
December 22, 2020
ကိုဗစ်-၁၉ ရောဂါ ဖြစ်ပြီးသူတွေ နောက်တစ်ကြိမ် ရောဂါထပ်ဖြစ်နိုင်သလို နောက်ဆက်တွဲရောဂါတွေပါ ခံစားရနိုင်တာကြောင့်  မပေါ့ဆဖို့ ဆရာဝန်တွေက သတိပေးထားပါတယ်။ ဓာတ်ခွဲစစ်ဆေးမှုတွေအရတော့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားပြီး ၉ ရက်နောက်ပိုင်းမှာ ရောဂါပိုးက တခြားသူကို ကူးစက်နိုင်ခြေမရှိတော့ဘူးလို့ မှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ရောဂါဖြစ်ပွားပြီးတဲ့ သူတွေဟာ ၈ အထိ ကိုယ်ခံအားကောင်းနေတယ်ဆိုပေမယ့်လည်း တချို့သူတွေကတော့ ၃ လ နောက်ပိုင်းမှာ ရောဂါရဲ့ ကိုယ်ခံစွမ်းအားတွေ ကျဆင်းသွားတက်တာကြောင့် နောက်တစ်ကြိမ် ရောဂါပြန်လည်ခံစားရနိုင်တယ်လို့ ဆိုပါတယ်။ နောက်ထပ်ထည်း အဆုတ်နဲ့ နှလုံး၊ စိတ်ပိုင်းဆိုင်ရာရောဂါတွေ စတဲ့ နောက်ဆက်တွဲရောဂါဝေဒနာ ဖြစ်ပွားလာနိုင်တာကြောင့် မပေါ့ဆဘဲ ကိုယ်ခံအားကောင်းအောင်လို့  ကျန်းမာရေးနဲ့အညီ နေထိုင်ဖို့ကို  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးက အသိပေးပြောဆိုထားပါတယ်။ ဒါ့အပြင် ကိုဗစ်ရောဂါဖြစ်ပွားပြီးတဲ့ သူတွေဟာ အရင်ကထက် ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့ လိုအပ်သလို နောက်ဆက်တွဲရောဂါဝေဒနာတွေကို ကြိုတင်ကာကွယ်ကုသတဲ့အနေနဲ့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေမှာ  ပြသပြီး ကျန်းမာရေးစစ်ဆေးတာတွေ လုပ်ဆောင်ဖို့ကိုလည်း အထွေထွေရောဂါကုဆရာဝန်ကြီး ဒေါက်တာကျော်စွာဦးက တိုက်တွန်းထားပါတယ်။ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ ထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူပေါင်း ၁၁၆,၀၀၀ ကျော် ရှိပါတယ်။ အဲဒီအထဲကမှ နေကောင်းပြီး ဆေးရုံဆင်းခွင့်ရတဲ့သူက ၉၆,၀၀ ရှိပြီး သေဆုံးတဲ့သူကတော့ ၂၄၀၀ ကျော် ရှိသွားပြီ ဖြစ်ပါတယ်။ 
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024