Home
မြန်မာသတင်း
မြန်မာအများစုနေထိုင်ရာ စမွတ်စာခွန်ခရိုင်တွင် ကိုဗစ်ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိလာ
DVB
·
December 22, 2020
ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် ၂၄၂ ယောက် ထပ်မံတွေ့ရှိခဲ့ရပြီးနောက် မြန်မာလုပ်သား အများစုနေထိုင်ရာ ထိုင်းနိုင်ငံ၊ စမွတ်စာခွန်ခရိုင်မှာ ဒီကနေ့ နေ့လယ် ၁ နာရီအထိ ပိုးတွေ့လူနာပေါင်း ၁,၀၀၀ ကျော် ရှိလာခဲ့ပြီလို့ သည်နေးရှင်းသတင်းမှာ ဖော်ပြပါတယ်။ စမွတ်စာခွန်ခရိုင်အုပ်ချုပ်ရေးမှူး ဝီရာဆက်ခ် ဝီချစ်ဆန်ဆရီက ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူ အရေအတွက်ဟာ ၁,၀၆၃ ယောက်ရှိလာပြီး ၂၇ ဒသမ ၉၁ ရာခိုင်နှုန်း မြင့်တက်လာခဲ့တယ်လို့ ဆိုပါတယ်။ ဒေသတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှုရှိမရှိ စမ်းသပ်စစ်ဆေးမှုပေါင်း ၆,၁၅၆ ယောက်ကို လုပ်ဆောင်ခဲ့ရာမှာ ၃,၈၀၈ ယောက်ရဲ့ ရလဒ်အဖြေတွေကို သိရှိခဲ့ရပြီး ဖြစ်ကာ ၂,၃၄၈ ယောက်ရဲ့ အဖြေတွေကတော့ စောင့်ဆိုင်းနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။ ရောဂါပိုးတွေ့ရှိသူတွေရဲ့ ၉၀ ရာခိုင်နှုန်းကတော့ ‌ဒေသတွင်း နေထိုင်ကြတဲ့ မြန်မာ အပါအဝင် ရွှေ့ပြောင်းအလုပ်သမားတွေ ဖြစ်ကြပါတယ်။ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းမှာတော့ ပထမနေ့မှာ ၄၀ ရာခိုင်နှုန်းကျော် ရှိခဲ့ရာကနေ ၂၇ ဒသမ ၉၁ ရာခိုင်နှုန်းကို ကျဆင်းသွားခဲ့တာပါ။ လတ်တလောမှာတော့ ဒေသတွင်း နေထိုင်သူတွေအနေနဲ့ ကိုဗစ်-၁၉ ရောဂါစစ် ဆေးမှုခံယူဖို့အတွက် လူပေါင်းထောင်နဲ့ချီ တန်းစီစောင့်ဆိုင်းနေကြရတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024