မြောင်းမြတွင် ၄ လ ကလေးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦးထပ်တွေ့
DVB
·
December 22, 2020
ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ၄ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။
ပိုးတွေ့လူနာ ၂၂ ဦး ရောဂါပျောက်ကင်းသွားတာကြောင့် ဆေးရုံဆင်းခွင့်ရရှိပြီး လက်ရှိမှာ လူနာ ၄၃ ဦးကို ကုသပေးနေတယ်လို့ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက အတည်ပြုပါတယ်။
ရောဂါပိုးထပ်မံတွေ့ ရှိသူတွေဟာ အသက် ၄ လအရွယ်ကနေ အသက် ၅၀ အရွယ်အထိပါဝင်ပါတယ်။
ပိုးတွေ့လူနာတွေကို မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်း နှင်းဆီဆောင်က သီးသန့်ကုသဆောင်မှာ ထားရှိကုသပေးသွားမယ်လို့ ဆိုပါတယ်။
မြောင်းမြမြို့မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၇၃ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီလို့ သိရပါတယ်။