မြောင်းမြတွင် ၄ လ ကလေးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၁၄ ဦးထပ်တွေ့

ဧရာဝတီတိုင်း မြောင်းမြမြို့မှာ ဒီဇင်ဘာ ၂၁ ရက်နေ့က ၄ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁၄ ဦး ထပ်မံတွေ့ရှိခဲ့ပါတယ်။  ပိုးတွေ့လူနာ ၂၂ ဦး ရောဂါပျောက်ကင်းသွားတာကြောင့် ဆေးရုံဆင်းခွင့်ရရှိပြီး လက်ရှိမှာ လူနာ ၄၃ ဦးကို ကုသပေးနေတယ်လို့ မြောင်းမြခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာနှစ်ဆန်းဦးက အတည်ပြုပါတယ်။  ရောဂါပိုးထပ်မံတွေ့ ရှိသူတွေဟာ အသက် ၄ လအရွယ်ကနေ အသက် ၅၀ အရွယ်အထိပါဝင်ပါတယ်။  ပိုးတွေ့လူနာတွေကို‌ မြောင်းမြမြို့ သူနာပြု သင်တန်းကျောင်း နှင်းဆီဆောင်က သီးသန့်ကုသဆောင်မှာ ထားရှိကုသပေးသွားမယ်လို့ ဆိုပါတယ်။ မြောင်းမြမြို့မှာ ကိုဗစ်- ၁၉ အတည်ပြုလူနာ စုစုပေါင်း ၁၇၃ ဦးနဲ့ သေဆုံးသူ ၄ ဦးရှိပြီလို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up