Home
မြန်မာသတင်း
နိုင်ငံ ၂၀၀ ကျော်တွင် မြန်မာက ကိုဗစ်ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၅၆ ရပ်တည်
DVB
·
December 22, 2020
မြန်မာနိုင်ငံမှာ ကိုဗစ်- ၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၂,၄၀၀ ကျော်ရှိလာပြီးနောက် ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်ထဲမှာ သေဆုံးမှုအမြင့်ဆုံးအဆင့် ၅၆ နေရာကို ရောက်ရှိနေပါတယ်။ တကမ္ဘာလုံးမှာတော့ လက်ရှိအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရပြီး သေဆုံးသူ စုစုပေါင်း ၁ ဒသမ ၇ သန်းကျော်လာခဲ့ပြီဖြစ်ကာ သိန်းနဲ့ချီသေဆုံးတဲ့ နိုင်ငံ ၄ နိုင်ငံထိ ရှိနေတယ်လို့ Worldometers ဝက်ဘ်ဆိုက်ဒ်မှာ ဖော်ပြထားပါတယ်။ အဲဒီနိုင်ငံတွေကတော့ သန်းနဲ့ချီ ရောဂါကူးစက်ပြန့်ပွားမှု အမြင့်ဆုံးနိုင်ငံတွေဖြစ်ကြတဲ့ အမေရိကန်၊ ဘရာဇီး၊ အိန္ဒိယနဲ့ မက္ကဆီကိုနိုင်ငံတွေဖြစ်ကြပြီး သေဆုံးသူအရေအတွက် ၃၂၅,၈၀၅ ယောက်၊ ၁၈၆,၈၁၈ ယောက်၊ ၁၄၆,၁၄၅ ယောက်နဲ့ ၁၁၈,၂၀၂ ယောက်စီ ရှိနေတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ အီတလီ၊ ယူကေနဲ့ ပြင်သစ်နိုင်ငံတွေက သန်းနဲ့ချီ ကူးစက်ခံထားရပြီး သေဆုံးသူအရေအတွက် ၆၉,၂၁၄ ယောက်၊ ၆၇,၆၁၆ ယောက်နဲ့ ၆၀,၉၀၀ ယောက်စီနဲ့ အစဉ်လိုက် ရှိနေတာပါ။ အာရှဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အီရန်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေ ဆုံးသူအရေအတွက် ၅၃,၈၁၆ ယောက်နဲ့ အမှတ်စဉ် ၈ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၁ သန်းကျော် ရှိနေတာပါ။ အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၂၀,၀၈၅ ယောက်နဲ့ အမှတ်စဉ် ၁၇ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၆၇၁,၇၇၈ ယောက် ရှိနေတာ ဖြစ်ပါတယ်။ ဖိလစ်ပိုင်နိုင်ငံကတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ ၈,၉၅၇ ယောက်နဲ့ အမှတ် စဉ် ၃၀ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံ ရသူစုစုပေါင်း ၄၆၁,၅၀၅ ယောက် ရှိနေတာ ဖြစ်ပါတယ်။ မြန်မာနဲ့ အိမ်နီးချင်းနိုင်ငံတနိုင်ငံဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ သေဆုံးသူ ၇,၃၁၂ ယောက်နဲ့ အမှတ်စဉ် ၃၃ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၅၀၂,၁၈၃ ယောက် ရှိနေတာပါ။ ရောဂါကူးစက်မှု စတင်ရာ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံမှာတော့ သေဆုံးသူစုစု ပေါင်း ၄,၆၃၄ ယောက်နဲ့ ကိုဗစ်-၁၉ ကြောင့် သေဆုံးမှုအမြင့်ဆုံးအဆင့် ၄၂ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၆,၈၅၂ ယောက် ရှိနေပါတယ်။ ဂျပန်နိုင်ငံမှာတော့ သေဆုံးသူ ၂,၉၀၀ ယောက်နဲ့ အမှတ်စဉ် ၅၁ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၉၈,၅၂၃ ယောက် ရှိနေပါတယ်။ အဲဒီနောက်မှာတော့ မြန်မာနိုင်ငံက သေဆုံးသူ ၂,၄၆၅ ယောက်နဲ့ အမှတ်စဉ် ၅၆ နေရာမှာ ရှိနေတာ ဖြစ်ပြီး အာဆီယံနိုင်ငံတွေထဲမှာလည်း ကိုဗစ်-၁၉ ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံး ၃ နိုင်ငံထဲမှာ ပါဝင်နေပါတယ်။ ဒီဇင်ဘာ ၂၁ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးသူ စုစုပေါင်း ၁ ဒသမ ၆ သန်းကျော်၊ အတည်ပြုလူနာစုစုပေါင်း ၁၁၆,၉၈၂ ယောက်၊ စောင့် ကြည့်လူနာပေါင်း ၁၅,၅၈၁ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၉၆,၆၈၅ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အာဆီယံဒေသတွင်း နိုင်ငံတနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံမှာတော့ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၄၃၈ ယောက်နဲ့ အမှတ်စဉ် ၉၆ နေရာမှာ ရပ်တည်နေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၅,၃၂၇ယောက် ရှိနေပါတယ်။ မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံမှာတော့ သေဆုံးသူ အယောက် ၆၀ နဲ့ အမှတ်စဉ် ၁၅၂ နေရာမှာ ရှိနေပြီး ရောဂါကူးစက်ခံရသူ စုစုပေါင်း ၅,၂၈၉ ယောက် ရှိနေတာပါ။ ဗီယက်နမ်နိုင်ငံမှာတော့ သေဆုံးသူ ၃၅ ယောက်နဲ့ အမှတ်စဉ် ၁၆၄ နေရာမှာ ရှိနေ ပြီး သူ့နောက်မှာတော့ ရောဂါကူးစက်ခံရသူ ၅၈,၀၀၀ ကျော်ရှိနေပေမယ့် သေဆုံးသူ ၂၉ ယောက်နဲ့ စင်ကာပူနိုင်ငံက အမှတ်စဉ် ၁၆၅ နေရာမှာ ရှိနေတာ ဖြစ်ပါတယ်။ ဘရူနိုင်းနိုင်ငံကတော့ သေဆုံးသူ ၃ ယောက်နဲ့ အမှတ်စဉ် ၁၈၈ နေရာမှာ ရှိနေပြီး အာရှဒေသတွင်း သေဆုံးမှုအနည်းဆုံးနိုင်ငံ ဖြစ်ပါတယ်။ တခြားအာရှဒေသတွင်းနိုင်ငံတွေ ဖြစ်ကြတဲ့ မွန်ဂိုလီးယား၊ ဘူတန်၊ ကမ္ဘောဒီးယား၊ မကာအို၊ လာအိုနဲ့ တီမောနိုင်ငံတွေမှာ ရောဂါကူးစက်မှု ၁၀၀၀ အောက် ရှိနေပေမယ့် လက်ရှိအချိန်ထိ သေဆုံးသူ တဦးတယောက်မှ မရှိသေးပါဘူး။ တကမ္ဘာလုံးအတိုင်းအတာနဲ့ လတ်တလောအချိန်ထိ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရ သူစုစုပေါင်း ၇၇ ဒသမ ၅ သန်းကျေိာ်ရှိလာခဲ့ပြီး ရောဂါပြန်လည်ပျောက်ကင်းလာသူ အရေအတွက်ကတော့ ၅၄ ဒသမ ၄ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024