A d v e r t i s e m e n t With Us

ညောင်လေးပင် ကမ္ဘောဇဘဏ်ခွဲဝန်ထမ်း ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ရှိ၍ ဘဏ်ကိုလော့ဒေါင်းချ

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ ဒီဇင်ဘာ ၂၀ ရက် ညနေက ကမ္ဘောဇဘဏ်ဝန်ထမ်း ၁ ဦးမှာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တာ​ကြောင့် က​မ္ဘောဇဘဏ် ​ညောင်​လေးပင်ဘဏ်ခွဲကို လော့ဒေါင်းချထားတယ်လို့ မြို့နယ်ကျန်းမှာရေးဦးစီးဌာနက ပြောပါတယ်။ ​ညောင်​လေးပင်​မြို့ ကမ္ဘောဇဘဏ်က အသက် ၂၈ နှစ်အရွယ် ဘဏ်ဝန်ထမ်း အမျိုးသမီးတစ်ဦး လွန်ခဲ့တဲ့ ၃ ရက်​က ဖျားလို့ အ​ပြင်​ဆေးခန်းမှာ ကုသရာ မသက်သာဘဲ ​မြို့နယ်ဆေးရုံကို မနေ့ညက သွားရောက်ပြီး RDT Test Kid  နဲ့ စစ်ဆေးရာမှာ ကိုဗစ်-၁၉ ပိုး တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တဲ့ ဘဏ်ဝန်ထမ်းအမျိုးသမီးကို တိုင်းရင်းဆေးရုံမှာ ဆေးကုသမှုပေးနေပြီ ထိ​တွေ့ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးကို Facility Quarantine Center ပို့ဆောင်ထားတယ်လို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာ သောင်းဒန်ဦးက DVB ကို ပြောပါတယ်။ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီက ညောင်လေးပင်မြို့ ကမ္ဘောဇဘဏ်ကို မနေ့ညနေက Lockdown ချထားတယ်လို့ ဆိုပါတယ်။ ပိုးတွေ့ရှိသူ အမျိုးသမီးနဲ့ ထိတွေ့ ဆက်စပ်ခဲ့တဲ့ ဘဏ်ဝန်ထမ်း ၂၄ ဦးအား ကျန်းမာရေးစစ်ဆေးပြီး အားလုံးရောဂါကင်းမှ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမယ်လို့ မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ပြောပါတယ်။ “ပိုးတွေ့လူနာနဲ့ ဘဏ်ဝန်ထမ်း ၂၄ ယောက်လုံးကို RDT နဲ့ စစ်မယ်။ ပြီးရင် နှာခေါင်းတို့ပတ်ယူပြီး ရန်ကုန်ကို ပို့မယ်။ အားလုံးရောဂါကင်းပြီဆိုမှသာ ကိုဗစ်-၁၉ စည်းကမ်းချက်တွေနဲ့အညီ ဘဏ်ကို ဖွင့်ခွင့်ပေးသွားမှာ ဖြစ်တယ်။” ဒုတိယလှိုင်းအတွင်း ညောင်လေးပင်မြို့နယ်မှာ စက်တင်ဘာ ၂၆ ရက်နေ့ကစပြီး ဒီနေ့အချိန်အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၈၇ ဦးအထိ ရှိပါတယ်။ ၁၈၂ ဦး ဆေးရုံဆင်းခွင့် ရရှိထားပြီး မြို့နယ်အတွင်းက ဆေးရုံတွေမှာ ၅ ဥွီး တက်ရောက် ကုသနေကာ ကျန်းမာရေးအ​ခြေအ​နေ ​ကောင်းမွန်​တယ်လို့ သိရပါတယ်။ သတင်း၊ ဓာတ်ပုံ - နေလင်းထိုက်

A d v e r t i s e m e n t With Us

More News
Up