အစ္စရေးဝန်ကြီးချုပ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုး

376
အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို ဒီဇင်ဘာ ၁၉ ရက်က စတင် ထိုးနှံပေးနေပြီး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက ပထမဆုံး ကာကွယ်ဆေး အထိုးခံသူ ဖြစ်လာခဲ့ပါတယ်။
ဖိုက်ဇာကော်ပိုရေးရှင်းက ထုတ်လုပ်တဲ့ ကာကွယ်ဆေးဟာ အစ္စရေးကို အရင်အပတ်က စရောက်လာခဲ့တာပါ။
မိုဒါနာနဲ့ အဲ့စ်ထရာဇေနေကာ ကုမ္ပဏီတွေက ထုတ်တဲ့ ကာကွယ်ဆေးတွေကိုလည်း မှာယူထားပြီးပါပြီ။
ကိုဗစ်-၁၉ ကပ်ရောဂါ ကူးစက်နိုင်ချေ အများဆုံး ပြည်သူ ၂၀ ရာခိုင်နှုန်းကို ဒီနှစ်ကုန်မှာ အပြီးကာကွယ် ဆေးထိုးပေးဖို့ လုံလောက်တဲ့ ထိုးဆေးတွေ ရရှိရေး အစ္စရေးက မျှော်လင့်ထား ပါတယ်။
ကျန်းမာရေးဝန်ကြီး၊ ညွှန်ချုပ်နဲ့ ရှီဘာ ဆေးဘက်ဌာန ညွှန်ချုပ်တို့နဲ့အတူ ဆေးဘက်ဆိုင်ရာ အဖွဲ့တွေလည်း ကာကွယ်ဆေးထိုးခံခဲ့ကြပါတယ်။
လူဦးရေ ၉ သန်း ရှိတဲ့ အစ္စရေးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံ ဦးရေ ၃ သိန်း ၇ သောင်း ၂ ထောင်ကျော် ရှိပြီး ကူးစက်ခံ သေဆုံးသူ ၃၀၇၀ ရှိနေပါတယ်။
ပြည်လုံးကျွတ် အသွားအလာ ပိတ်ဆို့ ကန့်သတ်တာ ၂ ကြိမ် လုပ်ခဲ့ရပြီး ဝန်ကြီးချုပ်ဟာ လည်း ကူးစက်ခံတွေနဲ့ ထိတွေ့အပြီး ရောဂါခြေချုပ်နဲ့ ၃ ကြိမ် နေခဲ့ရပါတယ်။