Live
Home
မြန်မာသတင်း
လက်နက်ကိုင်များ၏ ဥပဒေမဲ့လုပ်ရပ်အပေါ် မိုးကုတ်တွင် ကန့်ကွက်ပွဲပြုလုပ်
DVB
·
December 19, 2020
လက်နက်ကိုင်တွေရဲ့ ဥပဒေမဲ့လုပ်ရပ်တွေအပေါ် ကန့်ကွက်ပွဲကို မန္တလေးတိုင်းဒေသကြီး မိုးကုတ်မြို့နယ် မှုံကွင်းကန်ဘောင်မှာ ဒီဇင်ဘာ ၁၉ ရက်နေ့မနက်ပိုင်းက ​မြို့နယ်လုံခြုံရေးကိစ္စ ပူးပေါင်းအထောက်အကူပြုအဖွဲ့က ပြုလုပ်ခဲ့ပါတယ်။ ဆန္ဒထုတ်ဖော်ပွဲပြုလုပ်ဖို့ စီစဥ်ထားပေမယ့် ဒီဇင်ဘာ ၁၉ ရက်နေ့ မနက် ၁၀ နာရီထိ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ခွင့်ပြုမိန့်မရခဲ့တာကြောင့် ကန့်ကွက်ပွဲအနေနဲ့ပဲ ဗွီနိုင်းတွေခင်းပြီး ပြုလုပ်ခဲ့ရတယ်လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးတင်ထွန်းနိုင်က ပြောပါတယ်။ ကိုဗစ်ကာလ ပြည်သူတွေရဲ့ စားဝတ်နေရေးအခက်အခဲတွေ ရှိနေပြီး မြို့ရဲ့ စီးပွားရေးအ​ခြေနေကလည်း အဘက်ဘက်က ဆိုးရွားနေချိန်မှာ TNLA တပ်ဖွဲ့က ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ငွေကြေးတောင်းခံတာတွေ ရှိနေတာကြောင့် အခုလို ကန့်ကွက်ပွဲလုပ်ရတာလို့ ဆိုပါတယ်။  မိုးကုတ်မြို့က ကျောက်မျက်လုပ်ကွက်တွေ သက်တမ်းကုန်ပြီး ကျောက်မျက်ဥပဒေအ ကူးအပြောင်းမှာ အလုပ်မရှိတဲ့အပြင် ကိုဗစ်​ကြောင့် စီးပွားရေးတွလည်း ရပ်ဆိုင်းနေရသလို သူဋ္ဌေး ချို့လည်း မိသားစုအသက်အန္တရာယ် ခြိမ်း​ခြောက်ငွေတောင်းခံနေရမှုတွေ ရှိတယ်လို့ ပူးပေါင်းအထောက်အကူပြုအဖွဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးစိုးမြင့်က ပြောပါတယ်။ မိုးကုတ်မြို့က စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကိုလည်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီဇင်ဘာ ၄ ရက်နေ့မှာ အခွန်ကြောင့် ဖမ်းဆီးခေါ်ဆောင်သွားပြီး အမြန်ဆုံးလွတ်ပေးစေချင်တယ်လို့ ဆိုပါတယ်။ မိုးကုတ်မြို့မှာ အောက်တိုဘာလလောက်ကတည်းက TNLA လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးပြီး ငွေကြေး တောင်းခံတာတွေ စရှိခဲ့ပြီး စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်း ဖမ်းဆီးခံရတဲ့နောက်မှာတော့ ဒေသခံတွေ စိုးရမ်ထိတ် လန့်နေတာ ဖြစ်ပါတယ်။ သတင်း - ဟန်နာထက်အောင်

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024