Homeမြန်မာသတင်း
ပြင်ဦးလွင်မြို့ Mobile X-ray စစ်ဆေးရေးဂိတ်တာဝန်ကျ ရဲဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့
ပြင်ဦးလွင်မြို့ Mobile X-ray စစ်ဆေးရေးဂိတ်တာဝန်ကျ ရဲဝန်ထမ်း ၃ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့
DVB
·
December 19, 2020
မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့ Mobile X-ray စစ်ဆေးရေးဂိတ်တာဝန်ကျ ရဲဝန်ထမ်း ၃ ဦးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဒေါက်တာသန်းဝင်းက ပြောပါတယ်။
ဒီဇင်ဘာ ၁၈ ရက်က ရဲဝန်ထမ်းတစ်ဦး အနံ့ပျောက်ရာက ပိုးတွေ့ခဲ့တာဖြစ်ပြီး ထိတွေ့ ဆက်စပ်သူ ၇၀ လောက်ကို ဇီးပင်ကြီးကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားရှိပြီး ဒီဇင်ဘာ ၁၉ ရက်မှာ နမူနာယူစစ်ဆေးခဲ့ရာ အသက် ၄၄ နှစ်နဲ့ အသက် ၂၄ နှစ် ရဲဝန်ထမ်းနှစ်ဦးမှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
အသွားအလာ ကန့်သတ်ခံထားရသူတွေကို ဒုတိယအကြိမ် မန္တလေး ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာနသို့ ထပ်မံပေးပို့ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၁၉ ရက်အထိ ပြင်ဦးလွင်မြို့မှာ ကိုဗစ်-၁၉ လူနာ ၁၂၀ လောက် ရှိနေပါတယ်။
သတင်း - နန်းစံပယ်၊ ဓာတ်ပုံ - သန္တိသုခ