ဆီးရီးယားမြောက်ပိုင်းတွင် တိုက်ပွဲဖြစ်

324
ဆီးရီးယားမြောက်ပိုင်း အိုင်းအစ်ဖာမြို့မှာ ဒီဇင်ဘာ ၁၈ ရက်က တူရကီထောက်ခံတဲ့ တိုက်ခိုက်ရေးသမားတွေနဲ့ ကာ့ဒ်တပ်ဖွဲ့ဝင်တွေ တိုက်ပွဲ ဖြစ်နေပါတယ်။
အဲဒီမြို့က အဓိကကျတဲ့ အဝေးပြေးလမ်းတစ်ခုကို တူရကီနဲ့ ရုရှား ပူးတွဲ တပ်ဖွဲ့တွေ ပူးတွဲ ကင်းလှည့်နေပါတယ်။
ပြီးခဲ့တဲ့ နှစ်က ကာ့ဒ် YPG ပြည်သူ့စစ်အဖွဲ့ပေါ် ဆင်နွှဲတဲ့ ထိုးစစ်တစ်ခုအတွင်း တူရကီ တပ်ဖွဲ့တွေနဲ့ သူတို့ထောက်ခံတဲ့ တိုက်ခိုက်ရေးသမားတွေက အဲဒီဒေသမှာ နယ်မြေ သိမ်းပိုက်ခဲ့ ပါတယ်။
ထိုးစစ်ကို တူရကီအစိုးရရဲ့ အနောက်မဟာမိတ်တွေက ပြစ်တင်ရှုတ်ချပြီး တူရကီဟာ အမေရိကန် အစိုးရ၊ ရုရုားအစိုးရတို့နဲ့ သီးခြားသဘောတူညီချက် ရယူချိန်မှာတော့ ထိုးစစ် ခေတ္တ ရပ်ဆိုင်းခဲ့ပါတယ်။
အိုင်းအစ်ဖာမြို့စွန်မှာ တိုက်ပွဲဖြစ်ပြီးနောက် တူရကီထောက်ခံတဲ့ အမျိုးသားတပ်က ယာတော တချို့ကို သိမ်းဆည်းခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ခုက ဆိုပါတယ်။
မြို့အစိတ်အပိုင်းတွေနဲ့ အဝေးပြေးလမ်းမကို အမြောက်ဆန်တွေ ထိမှန်ခဲ့ပေမဲ့ SDF ကာ့ဒ်တပ်ဖွဲ့တွေက ပြန်တွန်းလှန်နေတယ်လို့ SDF တပ်မှူးက ကာ့ဒ်သတင်းအေဂျင်စီကို ပြောပါတယ်။
ယူဖရေးတီးမြစ်အရှေ့ဖက်ကမ်းက အိုင်းအစ်ဖာမြို့မှာ နေရပ်စွန့်ခွာစခန်း တစ်ခုရှိပြိး အဲဒီမှာ SDF ကာ့ဒ်တပ်ဖွဲ့တွေက အိုင်အက်စ်အဖွဲ့မိသားစုတွေကို ထိန်းသိမ်းထားတယ်လို့ ရိုက်တာ က တင်ပြပါတယ်။